Thursday, February 25, 2010

မြေပုံ…

တစ်ခါက အမှတ်အသားတွေ

တွန့်ခေါက်တောင်တန်းတွေ

ကွန်တိုမျဉ်းတွေ…

လူတစ်ယောက်လဲလျောင်းရုံသက်သက်

ကောင်းကင်မြင်ကွင်းကို စားပွဲပေါ်ဖြန့်ခင်းလိုက်

မော်နီတာမျက်နှာပြင်ပေါ်က သုံးဖက်မြင်

ဂြိုလ်ဝါကြီးအနေအထား

စစ်ပွဲတွေက ဆက်တိုက်ဖြစ်နေတာပဲ

ပဋိပက္ခတွေက အမြဲတမ်း..

မီးတောင်တွေပေါက်ဖို့

မြေငလျင်တွေလှုပ်ဖို့

ကမ္ဘာမြေကြီးတုန်ခါအောင်

ငါတို့နေထိုင်ကြတယ်…

အေးငြိမ်းရာရှုခင်းတွေရဲ့နံရံကို

ထိုးဖောက်မ၀င်ရောက်နိုင်ဘူး..

လေးထောင့်နံရံကြားမှာ အာရုံခံကိရိယာ

ပြတ်တောက်သွားတဲ့ ပိုးဟပ်လို

ဒီဂြိုလ်တစ်ပိုင်းတစ်စမှာ

ငါတို့ ယာဉ်ငယ်ကို ထားခဲ့ရတယ်..။



မိုးလှိုင်ည

2 comments:

  1. ဟုတ်တယ်...
    ကမ္ဘာမြေကြီးတုန်ခါအောင်
    ငါတို့နေထိုင်ကြတယ်…
    ပြီးတော့
    အေးငြိမ်းရာရှုခင်းတွေရဲ့နံရံကို
    ထိုးဖောက်မ၀င်ရောက်နိုင်ဘူး..
    အာရုံခံကိရိယာပြတ်တောက်သွားတဲ့ ပိုးဟပ်လိုပဲ...

    ReplyDelete
  2. ဟင်းးးးးးးးးးး ..... မှန်တယ် !

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...