Showing posts with label စာအုပ်အညွှန်း. Show all posts
Showing posts with label စာအုပ်အညွှန်း. Show all posts

Thursday, March 21, 2013

ဗဂျီအောင်စိုး နှစ်၉၀ စိတ္တဇပန်းချီညများ









လူကိုပဲကြည့်ကြည့် ဘယ်အရာဝတ္တုကိုပဲ  ပထ၀ီ၊တေဇော၊အာပေါ၊ ၀ါယော ဆိုတဲ့ ဓါတ်ကြီးလေးပါး ရယ် ကာလ- ဟင်းလင်းပြင်ကြီးကိုသာ တွေ့တွေ့နေရတယ်  ဒါပါပဲ ဆရာ့ရေ ပုထုဇဉ်နော် ဥမ္မတကောတဲ့ လူတွေက အရူးတွေ ဆရာ အခုကျွန်တော်ပြောတာ တွေကိုဘယ်သူမှ မယုံကြဘူးဆရာ ဓါတ်ပုံဆရာတွေနဲ့ ပြိုင်ပြီး သူတို့ လက်ရာတွေကို ဓါတ်ပုံရှုံးအောင် ဆွဲနေကြတယ်လေ…..
ဟား…. ဟား… ဟား… ဟား
၂၀ ရာစုကနေ ၂၁ ရာစုကျရင်  ဒီပန်းချီဆရာတွေ ဘာဆွဲကြမလဲ… ဟားဟား
ရုပ်နဲ့ နမ်ဘဲရှိတယ်
အဲဒီတော့ ညစ်ငြမ်းတယ်
မညစ်ပါတ်ဘူးဆိုတာဟာ ဘယ်ပြဿနာပေါ်တော့မလဲ
ဒါ sun နေ
ဒါ ၀လုံးလို့ပြော
ဒါဘောလုံးလို့ပြော
ဒါလလို့ပြော  ဘယ်ဟာမှန်သလဲ?
ယောကျာင်္း မိန်းမဆိုတာ မရှိဘူး …။

ဆရာဗဂျီအောင်စိုး ရဲ့ နှစ်၉၀ ပြည့်မွေးနေ့အထိမ်း အမှတ် စိတ္တဇပန်းချီညများ စာအုပ်ကို ဆုံစည်းခွင့်စာအုပ်တိုက်က အမှတ်တရ စုစည်းထုတ်ဝေခဲ့ပါတယ် ဆရာ့ရဲ့ ပန်းချီပညာပေး သိပံ္ပရုပ်ပြနဲ့ ဆရာ ဖွင့်ဆိုရေးသားခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ် ဆရာ့ကားတွန်းလက်ရာများ သရုပ်ဖော်လက်ရာများ ပါဝင်ပြီး ဆရာဗဂျီအောင်စိုးရဲ့ နှစ် ၉၀ပြည့် မွေးနေ့ အခမ်းအနားကျင်းပမယ့် ၂၂ရက်နေ့ သောကြာ ၂၀၁၃ ရက်မှာ ရန်ကုန်မြို့ ပန်းဆိုးတန်းအထက်လမ်းရှိ ပန်းဆိုးတန်းဂယ်လယ်ရီမှာ စတင်ရောင်းချပါမယ်။ ဆရာ ဗဂျီအောင်စိုး အနုပညာလက်ရာများ ချစ်မြတ်နိုးသူများ ၀ယ်ယူသိမ်းဆည်းနိုင်အောင် သတင်းကောင်းပါးအပ်ပါသည်..။

Tuesday, October 2, 2012

မေမေ့ ကို ဘယ်တော့မှ မမေ့ဘူး..။

 

ဒီစာအုပ်လေးကို Synergy က ကိုသုတက ကျွန်တော့်အတွက် လက်ဆောင် ဆိုပြီးတစ်အုပ်ပေးလိုက်တယ်။ မျက်နှာဖုံးလေးက ဆွဲဆောင်မှု အားကောင်းတယ် အဘွားအိုတစ်ယောက်က လူလတ်ပိုင်းတစ်ယောက်နဲ့ ကမ်းခြေမှ လမ်းလျှောက်နေတာလည်း ဓါတ်ပုံလေးက အားကောင်းတယ်လို့ စဉ်းစားမိနေတုန်း… မနိုင်းနိုင်းစနေရဲ့ အမေ့အတွက်စာ ဆိုတော့ ထုံးစံအတိုင်းပဲ ရိုးရိုးရှင်းရှင်းရေးဟန်နဲ့ သူ အင်တာနက်ပေါ်က ကောင်းနိုးရာရာလေးတွေ စုရေးထားမှာလို့ ထင်မိတယ် … သူပထမဆုံး စာအုပ် အမေ့လက်ရေးကို ကျွန်တော်စီစဉ်တာဆိုတော့ သူ့ရေးဟန်ကို အလွတ်နီးပါးရနေပြီ...။ သူ့စာတစ်ပုဒ်တိုင်းကို ကျွန်တော် အကြိမ်၂၀မက ဖတ်ဖူးတော့ စိတ်ထဲ သိပ်လှုပ်လှုပ်ခတ်ခတ် မဖြစ်မိဘူး…။ နောက်ပိုင်း မနိုင်းနိုင်းစနေ စာအရေးအသားတွေ ပိုကောင်းလာတယ် ဆိုတာတော့ သတိထားမိတယ်..။ ဆိပ်ကမ်းသာလမ်းနဲ့ ၃၈ လမ်းထောင့်က မွန်းဘာကရီမှာ သူငယ်ချင်း တစ်ယောက်နဲ့ချိန်းထားလို့ ထိုင်စောင့်နေရင်း စာအုပ်ကို လှန်ကြည့်မိတယ် အတွင်းဖုံးထဲက အမှာစာကနေ စဆွဲဆောင်တော့တာပဲ… ကိုရီးယား စာရေးဆရာ တစ်ယောက်ရဲ့စာတဲ့ အုပ်ရေ သန်းနဲ့ချီရောင်းရတဲ့ အပြင် နိုင်ငံခြားဘာသာစကားတွေကိုလည်း ပြန်ဆိုနေတဲ့စာဆိုတော့ နည်းနည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားတယ်…။ ခေါင်းထဲမှာ စဉ်းစားမိသမျှ ကိုရီးယားတစ်ယောက်ယောက် ရေးတဲ့စာကို ကိုယ်တစ်ခါမှ မဖတ်မိခဲ့ဖူးဆိုတာပဲ.။ တရုတ်စာပေ အရှေတိုင်းစာပေတွေ အနောက်တိုင်းစာပေ အမေရိကန်စာပေ ဘာသာပြန် စာပေ တော်တော်များများ ဖတ်ဖူးပေမယ့် ကိုရီးယားစာအုပ်တစ်အုပ် ဘာသာပြန်တာကို ဒါပထမဆုံးဖတ်မိတာပါ..။ စာအုပ်ထဲက အကြောင်းအရာတွေ ပြန်ရေးပြချင်ပေမယ့်…။ သူ့စကားလုံးတွေ စာသားတွေ ခံစားဖန်တီးနိုင်မှုအားတွေကို ပြန်လည်ဖော်ပြနိုင်ဖို့ ကျွန်တော့်ဝါကျတွေက စွမ်းနိုင်မှာ မဟုတ်ပါဘူး..။ စာအုပ်ကို စလှန်လိုက်ကတည်းက စာမျက်နှာငါးဆယ်အထိ တစ်ဆက်တည်းခေါ်သွားပါတယ်…။ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီက အေးစက်ငြိမ်သက်သွားတယ် စီးကရက်ကပြာတောင့်ရှည်ကြီးတွေနဲ့ ဆေးလိပ်ခွက်ထဲမှာသေဆုံးသွားတယ် စာအုပ်ကြားထဲ ကျွန်တော် လိပ်စာကဒ်လေးညှပ်ပြီး မျက်တောင်ကိုပင့်ယူ လိုက်ချိန်မှာ ဒီစာအုပ်ပြီးသွားမှာကိုတောင် နှမြောတဲ့စိတ် အလိုလို ၀င်လာပါတယ်…။  လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ပြောရရင် စာအုပ်က အတော်ကောင်းပါတယ်..။ သားသမီးဖြစ်ဖူး သူတိုင်း မိဘဖြစ်မယ့်သူတိုင်း ၀ယ်ယူထားသင့်တဲ့ လက်ဆင့်ကမ်းပေးဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ..။ ဒီစာအုပ်အတွက် မူရင်းရေးသားသူ Kyung – Sook Shin နဲ့ မကြီး နိုင်းနိုင်းစနေ၊ Synergy မှ ကိုသုတ တို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း…။

( စာကြွင်း… ကျွန်တော်နဲ့ အမေနဲ့တော့ သိပ်မတည့်ပါ... အမေ့အတွက် ကျွန်တော်ဟာ လူဆိုးကြီး ဖြစ်နေပါတယ်..။ ဒါပေမယ့် အင်တာနက်ပေါ်မှာ လူကြိုက်များတဲ့ စာသားတစ်ခုလိုပါပဲ… လူဆိုးတွေလည်း တိုးတိုးလေး လိမ်မာခဲ့မှာပဲ အမေ။)

ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည


Thursday, September 13, 2012

ကျောက်စာကို ခဲဖျက်နှင့်ဖျက်၍ မရ (စ -ဆုံး)


ကျောက်စာကို ခဲဖျက်နှင်ဖျက်၍ မရ ဒီစာအုပ်လေးကို မရရအောင် တကူးတက ရှာဖွေလိုက်ရပါတယ်.. ကျွန်တော်တို့ ခေတ် ကျွန်တော်တို့ သမိုင်းအတွက် အရင်းအတိုင်းခံစား နားလည်နိုင်ခဲ့ပါတယ် ။  ဒီစာအုပ်လေးက ကျွန်တော့်တို့ကိုယ် ကျွန်တော်တို့ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ခေတ်ကို ပြန်မြင်မိပါတယ်..။ ပထမပိုင်း တင်တုန်းက စာစီစာရိုက်ဆိုင်က ၀င်းဖောင့်တွေနဲ့ ရိုက်ပေးလိုက်တယ်.. ကျွန်တော်က ဇော်ဂျီပြန်ပြောင်းပြီး ဘလော့မှာ ပေ့ခ်ျ တစ်ခုတင်ပြီး ခွဲထုတ်ပြီး တင်ကြည့်တယ် ကျွန်တော် နည်းပညာချို့တဲ့မှုကြောင့် စာဖတ်သူတွေ အခက်အခဲ ဖြစ်ခဲ့ရတာကို ကျွန်တော့် အနေနဲ့ စာရေးသူကိုရော စာဖတ်သူတွေကိုပါ အနူးအညွှတ်တောင်းပန်ပါတယ်..။ ကျွန်တော် အဲဒီစာအုပ်လေးကို ပီဒီအက်ဖ်အနေနဲ့ အစအဆုံး တင်ပေးထားပါတယ်..။ ဖတ်တဲ့သူတွေ အဆင်ပြေချောမွေ့ပါစေ။ ဒီစာအုပ်အတွက် စာရေးသူ ဆရာမြေမှုန်လွင် ကိုလည်းအထူးကျေးဇူး တင်ပါတယ်.။ ပြင်ပ စာအုပ်ဆိုင်တွေမှာ ကျွန်တော့်လို့ စာအုပ်ဝယ်မရသူတွေ ဖတ်ဖို့ အဆင်ပြေအောင်  Ebook အနေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ် .. ငွေကြေးတစ်စုံတစ်ရာ ရရှိအောင် ဖြန့်ဝေခြင်း မဟုတ်တဲ့အတွက် ဆရာမြေမှုန်လွင်နဲ့ ထုတ်ဝေတဲ့စာအုပ်တိုက် အနေနဲ့ နားလည်ခွင့်လွှတ်ပေးနိုင်မယ်လို့ ထင်ပါတယ်..။ အကယ်လို့ ဒီလင့်ခ်ကို ပြန်ဖြုတ်ပေးပါလို့ ..သက်ဆိုင်သူများက ကန့်ကွက်တောင်းဆိုလာမယ် ဆိုရင်လည်း ကျွန်တော် ချက်ချင်းမဆိုင်းမတွ ဆောင်ရွက်ပေးပါမယ်





ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည

Saturday, May 22, 2010

၂၀၁၂ မှာ ကမ္ဘာပျက်မှာလား


အမေး။ ။ အရှင်ဘုရား ၂၀၁၀ ဇန်န၀ါရီလ (၁၅)ရက်နေ့မှ အကြာမြင့်ဆုံး နေကြတ်မှု ဖြစ်ပေါ်မယ်။ နေကြတ်ခြင်းကြောင့် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာပျက်ကိန်း ဖြစ်နိုင်ချေ ရှိတယ်လို့ နိုင်ငံကျော် ဗေဒပညာရှင်တစ်ဦးက ဟောကိန်းထုတ်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းတွေ ပြန့်နေပါပြီ ဘုရား။ တပည့်တော် သိချင်တာက ဗေဒပညာရှင်များ ပြောဆို ယူဆနေသလို (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတာ မှန်/မမှန် သိချင်ပါတယ်ဘုရား။

မောင်ဇော်မျိုး

ရန်ကုန်



အဖြေ။ ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် သိစရာမှန်က မကျန်ရအောင် အလုံးစုံကို သိမြင်တော်မူပြီးဖြစ်တဲ့ သဗ္ဗညုတဥာဏ်ပိုင်ရှင် ဘုရားရှင်ရဲ့ စကားတော်အတိုင်း ဖြေကြားရမှာဖြစ်ပါတယ်။
ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်ပေါင်းဘယ်လောက်ကြာမယ်ဆိုတာ ဂဏန်းသင်္ချာနဲ့ မရေတွက်နိုင်ပါ။ ကြံဆပြီး သိရမယ့်အရာသာ ဖြစ်ပါတယ်။ ဘယ်လို ကြံဆရမလဲဆိုရင်….အလျား၊ အနံ၊ အမြင့် တစ်ယူဇနာရှိတဲ့ တိုက်ခန်း ၊ ဂိုဒေါင်ကြီးအတွင်းမှာ အလွန်သေးငယ်တဲ့ မုန်ညင်းဖြူစေ့လေးတွေကို အပြည့်ထည့်ထားလိုက်ပါ။ နှစ်ပေါင်းတစ်ရာကြာရင် မုန်ညင်းဖြူစေ့ တစ်စေ့ယူထုတ်ပစ်ရပါမယ်။ ဒီလိုနည်းနဲ့ ယူထုတ်ပစ်လို့ ဂိုဒေါင်ကြီးအတွင်းက မုန်ညင်းစေ့သာ ကုန်သွားမယ်။ တစ်ကမ္ဘာရဲ့ သက်တမ်း မကုန်ဆုံးသေးပါဘူး၊ လို့ ကြံဆပြီး သိရပါ့မယ်။
ဒီအမေးအတွက် ကမ္ဘာအမျိုးအစားကို ပြောမှ ပြည့်စုံမှာပါ။ ကမ္ဘာနဲ့ပတ်သက်ပြီး ဘုရားပွင့်တဲ့ကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်ပါတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာကိုတော့ သုညကမ္ဘာ လို့ ခေါ်ပါတယ်။ဘုရားပွင့်တဲ့ အသုညကမ္ဘာက (၅)မျိုး၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာက (၁)မျိုး ဆိုပြီး ပေါင်းလိုက်တော့ ကမ္ဘာအမျိုး (၆)မျိုး ရှိပါတယ်။
ဘုရားပွင့်တဲ့ ကမ္ဘာငါးမျိုးက ဘုရားတစ်ဆူသာ ပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာ လို့ ခေါ်ပါတယ်။ နှစ်ဆူပွင့်တဲ့ ကမ္ဘာက မဏ္ဍကမ္ဘာပါ။ သုံးဆူပွင့်တာက ၀ရကမ္ဘာဖြစ်တယ်။ လေးဆူပွင့်တာက သာရမဏ္ဍကမ္ဘာ ဖြစ်ပြီး၊ ငါးဆူပွင့်တာက ဘဒ္ဒကမ္ဘာဖြစ်ပါတယ်။
ယနေ့ လူသားများ နေထိုင်ကြတဲ့ ကမ္ဘာကတော့ ဘဒ္ဒကမ္ဘာ ပါ။။ ဘဒ္ဒကမ္ဘာမှ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ၊ ဘုရား ငါးဆူ ပွင့်တော်မူပါမယ်။ ယခုအခါ လေးဆူမြောက် ပွင့်တော်မူပြီးတာက ဂေါတမမြတ်စွာဘုရားပါ။ နောင်ပွင့်မှာက အရိမေတ္တေယျ ဘုရားရှင်တစ်ဆူ ကျန်ပါသေးတယ်။ ထိုဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာပါ။ ဒီကြားထဲ အရိမေတ္တေယျ ဘုရားရှင် မပွင့်သေးသမျှ ကာလပတ်လုံး ကမ္ဘာမပျက်နိုင်သေးပါဘူး။
ဒါကြောင့် ဗေဒပညာရှင်များရဲ့ အဆိုအရ ယခုလာမဲ့ (၂၀၁၂)မှာ ကမ္ဘာပျက်ကိန်း ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါကြောင်း ၊ ထိုသတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ လုံးဝ မရှိကြောင်း အဖြေပေးလိုက်ရပါတယ်။



ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားတဲ့ အွန်လိုင်းပေါ်မှာ အမေးအဖြေ (၂) စာအုပ်ထဲက မေးခွန်းနဲ့ အဖြေ တစ်ခုကို ကောက်နုတ် ဖော်ပြထားခြင်းဖြစ်ပါတယ်..။ ဆရာတော် ဦးကောဝိဒ(မြိတ်) ဟာ ဓမ္မအလင်း ဆိုသော ၀ဘ်စာမျက်နှာ ဖြင့်သာသနာပြုလုပ်ငန်းများလုပ်ကိုင်ရင်း လူငယ်များ၏ ဘာသာရေးဆိုင်ရာ အမေးအဖြေ များကို အွန်လိုင်းပေါ်တွင် ဖြေကြား ရေးသားသမျှကို .. စုစည်းထုတ်ဝေထားခြင်းဖြစ်ပြီး အခု စာအုပ်ဟာ အမှတ်(၂) ဖြစ်ပါတယ်..။ အမေးအဖြေ အပုဒ်လေးဆယ် ပါဝင်ပြီး.. မစိုးရိမ်စာသင်သားနဲ့ စာရေးသူကိုယ်တိုင် အမှာစာများရေးထားပါတယ်.. ဗုဒ္ဒဘာသာအတွက်သိလိုသမျှကို ဗဟုသုတအနေနဲ့.. အယူမတိမ်းဖို့ ဖတ်ရှုသိမ်းဆည်း ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်လို့ ညွှန်းဆိုရင်း...။

ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...