Thursday, March 21, 2013

ဗဂျီအောင်စိုး နှစ်၉၀ စိတ္တဇပန်းချီညများ









လူကိုပဲကြည့်ကြည့် ဘယ်အရာဝတ္တုကိုပဲ  ပထ၀ီ၊တေဇော၊အာပေါ၊ ၀ါယော ဆိုတဲ့ ဓါတ်ကြီးလေးပါး ရယ် ကာလ- ဟင်းလင်းပြင်ကြီးကိုသာ တွေ့တွေ့နေရတယ်  ဒါပါပဲ ဆရာ့ရေ ပုထုဇဉ်နော် ဥမ္မတကောတဲ့ လူတွေက အရူးတွေ ဆရာ အခုကျွန်တော်ပြောတာ တွေကိုဘယ်သူမှ မယုံကြဘူးဆရာ ဓါတ်ပုံဆရာတွေနဲ့ ပြိုင်ပြီး သူတို့ လက်ရာတွေကို ဓါတ်ပုံရှုံးအောင် ဆွဲနေကြတယ်လေ…..
ဟား…. ဟား… ဟား… ဟား
၂၀ ရာစုကနေ ၂၁ ရာစုကျရင်  ဒီပန်းချီဆရာတွေ ဘာဆွဲကြမလဲ… ဟားဟား
ရုပ်နဲ့ နမ်ဘဲရှိတယ်
အဲဒီတော့ ညစ်ငြမ်းတယ်
မညစ်ပါတ်ဘူးဆိုတာဟာ ဘယ်ပြဿနာပေါ်တော့မလဲ
ဒါ sun နေ
ဒါ ၀လုံးလို့ပြော
ဒါဘောလုံးလို့ပြော
ဒါလလို့ပြော  ဘယ်ဟာမှန်သလဲ?
ယောကျာင်္း မိန်းမဆိုတာ မရှိဘူး …။

ဆရာဗဂျီအောင်စိုး ရဲ့ နှစ်၉၀ ပြည့်မွေးနေ့အထိမ်း အမှတ် စိတ္တဇပန်းချီညများ စာအုပ်ကို ဆုံစည်းခွင့်စာအုပ်တိုက်က အမှတ်တရ စုစည်းထုတ်ဝေခဲ့ပါတယ် ဆရာ့ရဲ့ ပန်းချီပညာပေး သိပံ္ပရုပ်ပြနဲ့ ဆရာ ဖွင့်ဆိုရေးသားခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ် ဆရာ့ကားတွန်းလက်ရာများ သရုပ်ဖော်လက်ရာများ ပါဝင်ပြီး ဆရာဗဂျီအောင်စိုးရဲ့ နှစ် ၉၀ပြည့် မွေးနေ့ အခမ်းအနားကျင်းပမယ့် ၂၂ရက်နေ့ သောကြာ ၂၀၁၃ ရက်မှာ ရန်ကုန်မြို့ ပန်းဆိုးတန်းအထက်လမ်းရှိ ပန်းဆိုးတန်းဂယ်လယ်ရီမှာ စတင်ရောင်းချပါမယ်။ ဆရာ ဗဂျီအောင်စိုး အနုပညာလက်ရာများ ချစ်မြတ်နိုးသူများ ၀ယ်ယူသိမ်းဆည်းနိုင်အောင် သတင်းကောင်းပါးအပ်ပါသည်..။

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...