Tuesday, February 23, 2010

အရေးအသားများ

တချို့က ရေပေါ်မှာ အရုပ်ရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က အထ္တုပတ္တိရေးတယ်

တချို့က ဆီဆေးနဲ့ရေးတယ်

တချို့က ရေဆေးနဲ့ရေးတယ်

တချို့က ရင်ဘတ်နဲ့ရေးတယ်

တချို့က ကောက်ကျစ်တဲ့ခေါင်းတွေနဲ့ရေးတယ်

တချို့က ပရိုဂရမ်တွေရေးတယ်

တချို့က ဗိုင်းရပ်စ်တွေရေးတယ်

တချို့က ဘလော့ရေးတယ်

တချို့က ပရောဂျက်ရေးတယ်

တချို့က အမြတ်ဝေစုရေးတယ်

တချို့က ကုန်ကျစရိတ်ရေးတယ်

တချို့က အလှုအတန်းစာရင်းရေးတယ်

တချို့က ကျောက်စာရေးတယ်

တချို့က သမ္မာန်စာရေးတယ်

တချို့က ၀ရမ်းရေးတယ်

တချို့က စီရင်ချက်ရေးတယ်

တချို့က အများသိစေရန် ကြေညာချက်ရေးတယ်

တချို့က ကွာရှင်းစာချုပ်ရေးတယ်

တချို့က လွတ်လပ်ရေးကြောငြာစာတန်းရေးတယ်

တချို့က အခြေမခိုင်ဥပဒေတွေရေးတယ်

တချို့က သမိုင်းရေးတယ်

တချို့က ရေပေါ်မှာအရုပ်ရေးတယ်….



မိုးလှိုင်ည

3 comments:

  1. တချို့က အချိန်လုပြီး အဝတ်အစားပုံစံ ရာသီစုံနေ၇ာတွေကို အွန်လိုင်းကစုံစမ်းရေးဆင်းကြတယ်

    ထပ်ဖြည့်လိုက်မယ်နော် တတ်လို့မဟုတ်ပါဘူး လှိုင်းထဲကူးခတ်နေရင်း လေ့ကျင့်သင်ယူနေတာပါ ကာရံတွေကင်းမဲ့နေ စိတ်မဆိုးနဲ့နော်

    တချို့က သွေးစက်တွေအပေါ် မျိုးခွဲမှု.ပြုတယ်
    တချို့က သူများရေးတဲ့ကဗျာတွေကို ရှဲဒိုးမိန့်တယ်
    တချို့က သူတို့ပို့စ်တွေ မိန့်မရအောင်ကာကွယ်ကြတယ်
    တချို့မန်းနပ်စ်အိုင်ဒီက ဖန်ရှင်ကိုနှောက်ယှက်ကြတယ်

    ဒီလိုနဲ့တနေတာလေးပြီးဆုံးသွားပါတယ်.......

    ReplyDelete
  2. အင်း.. လင်းပါဦး..အခြေမခိုင်ဥပဒေအကြောင်း...

    ReplyDelete
  3. ဟေ့လူ ကဗျာရေးတဲ့ သူ မပြောလို့မဖြစ်လို့ပြောဦးမယ်
    တစ်ချို့ လစဉ်ထုတ် magazine တွေရဲ့
    ကဗျာ အတွက်စာမျက်နှာတွေထက် ခင်ဗျား နေရာလေးက
    ပိုအာဟာရပြည့်တယ်ဗျ ။ ။ကျန်းမာပါစေဗျ ကဗျာရေးသူ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...