Friday, February 26, 2010

ရန်ကုန်မြို့လေး

မြရေကြည် စိမ့်စမ်းနဲ့
စိမ်းဆတ်ဆတ်တောတန်းသွယ်
မြူခိုးထ ရှုမ၀တဲ့မြင်ကွင်း
ကြည့်လေရာ မျက်စိအေးလို့
တမ်းတတ လွမ်းရအောင်ကလဲ
ကျောပြောင်ပြောင် ကတ္တရာမှောင်မှောင်နဲ့သာ
ကျင့်သားရနေတဲ့ ကျွန်မကတော့ ရန်ကုန်သူပေါ့ …


ကျွန်မတို့မြို့မှာ
မမြင်ရတဲ့ ကိုယ်ချင်းစာတရားတွေရှိတယ်
အသုံးမ၀င်တော့တဲ့ အမှန်တရားတွေရှိတယ်
ခေါက်သိမ်းထားတဲ့ သမာသမတ်ကျမှုတွေရှိတယ်
ရွာမကျနိုင်တော့တဲ့ မျက်ရည်မိုးပေါက်တွေရှိတယ်
ဗူးအကြီးကြီးတွေနဲ့ထည့်သိမ်းထားတဲ့
သိက္ခာခပ်သေးသေးတွေရှိတယ် …


ကျွန်မတို့မြို့မှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ ဓလေ့စရိုက်တွေရှိတယ်
ထင်ပေါ်ကျော်ကြားတဲ့ အနိုင်ကျင့်ခြင်းတွေရှိတယ်
လည်ရင်လည်သလို လုပ်စားကြတဲ့
ကတုံးပေါ်ထိပ်ကွက်သူတွေရှိသလို
သူခိုးလက်က သူဝှက်လုတာတွေလဲ ဒုနဲ့ဒေး


ကျွန်မတို့မြို့မှာ
ကိရိယာစုံလင်တဲ့ ဆေးခန်းကြီးတွေရှိတယ်
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရှိတယ်
ဝန်ဆောင်မှုတွေဆိုတာကလဲ ပေါမှပေါ
စေတနာကတော့ အသပြာမရှိရင် နတ္ထိပဲ


ကျွန်မတို့မြို့မှာ
ထူးချွန်တိုးတက်ချင်တဲ့လူငယ်တွေရှိတယ်
သူတို့တွေထိုင်ဖို့ လက္ဘက်ရည်ဆိုင်တွေလည်းရှိတယ် …
အလုပ်အကြောင်းဆွေးနွေးဖို့ ဘီယာဆိုင်တွေလဲရှိတယ် …
မိန်းကလေးအချို့ အလုပ်မရှားဖို့
စင်တင်ဖျော်ဖြေပွဲတွေတောင်ပါလိုက်သေးရဲ့ ….


ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့
မြို့လေးကိုချစ်တုန်း သံယောဇဉ်ဖြစ်တုန်း
ခွဲခွာချင်သူတွေနဲ့ဆုံတိုင်း မြို့လေးကိုယ်စား
နှမြောတသတုန်း ……

6 comments:

  1. အားပါးးး

    ကြယ်ပြာ
    ကျော်သွားတယ်..
    လာရှာတဲ့ ကဗျာက
    တခုဖြစ်နေလို့ ..
    အပေါ်ပြန်ဖတ်လိုက်တော့
    ကြယ်ပြာဆိုတာတွေ့ ပီး
    လှည်းတန်းက ထမင်းဆိုင်လေးကို
    သတိရသွားတယ်..
    ကဗျာ ခေါင်းစဉ် မဖတ်မိဘူး
    ကဗျာကို ဖတ်မိသွားတယ်..
    ခု ကွန်မန့် ရေးရင်း ခေါင်းစဉ်ကို တွေ့ သွားပီ
    ရန်ကုန်မြို့လေးတဲ့လားဟယ်...
    အမှန်တရားကို ဒီလို လှလှပပ စာစီလို့ ရသတဲ့လားး
    ကျေးဇူးတင်တယ် ကြယ်ပြာ..

    စာကြွင်း။ ဝေဖန်တာ မဟုတ်ပါဘူးဟယ်... ရင်ဘတ်ထဲရှိတာ ပြောခဲ့တာပါကွယ်.. ( ဝေဖန်ဖို့ ကဗျာရေးတာမဟုတ်ဘူးဆိုတဲ့ စာသား အရင်တွေ့ မိလို့ ပါနော်.)

    ReplyDelete
  2. ထိထိမိမိရှိလို့ ကြယ်ပြာ့ဆီမှာ ဖတ်ခဲ့ရကတည်းက သဘောကျမိတဲ့ ကဗျာတပုဒ်ပါ...

    ပြန်တင်ပေးလို့ ကျေးဇူး...

းဝ)

    ReplyDelete
  3. မကြယ်ပြာရော ကိုမိုးလှိုင်ညရော ကျေးဇူးပါ.. အရမ်းကောင်းပါတယ်..

    အားပေးလျှက်
    အိ

    ReplyDelete
  4. ကဗျာလာဖတ်ပေးတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးပါ .... ကဗျာလေးကို ပြန်တင်ပေးတဲ့ ကိုမိုးလှိုင်ညကိုလဲ ကျေးဇူး ....ဘယ်မှမရောက်တာကြာနေပြီ. ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...