Friday, February 12, 2010

အမြဲတမ်းဗိုလ်ချုပ်


ဝေးဝေးလွင့်နေတဲ့ အတိတ်ကို
တမ်းတလိုက်ရင်
ငါတို့ မေ့လျော့နေခဲ့တယ်
ကျောင်းတုန်းက တို့မမေ့သင်ခန်းစာတွေ
အားလုံး
ငါတို့မေ့လျော့နေခဲ့တယ်
သမိုင်းတန်ဖိုးတွေ မေ့လျော့နေခဲ့တယ်
ကြီးကြီးကျယ်ကျယ်
(နိုင်ငံတန်ဖိုးတွေ) မေ့လျော့နေခဲ့တယ်
ခေတ်တစ်ခုရဲ့ ရွေ့လျား ရိုက်ခတ်နှုန်း
တိုင်းပြည်နုနု မုန်တိုင်း ဘယ်လောက်ထန်ထန်
ငါတို့ရင်ခွင်ပျောက်လောက်အောင် လှိုင်းမထန်သင့်ဘူး
ပြည်ထောင်စုနေနဲ့ လွတ်လပ်ရေးနေ့ဟာ
သူ့လက်နဲ့ ပေါက်ဖွားခဲ့တယ် ငါတို့မမေ့သင့်ဘူး။
သူ့အကြောင်း ကဗျာတစ်ပုဒ်၊ စာတစ်အုပ်နဲ့
မပြီးမြောက်ဘူး။
ဖေဖော်ဝါရီ(၁၄)ချစ်သူများနေ့
ချောကလက်၊ပန်းဝေသလို
ငါတို့ သူ့အထိမ်းအမှတ်
ကဗျာတွေရွတ်သင့်တယ်
သူ့အထိမ်းအမှတ်
သူ့လုပ်ဆောင်ခဲ့သမျှ ပြန်တမ်းတသင့်တယ်။
အနည်းဆုံးတော့
သူ့ အရိပ်တွေမှာ ငါတို့ မျက်ရည်ဝဲနေသင့်တာပေါ့
တိုင်းပြည်နုနု မုန်တိုင်းဘယ်လောက်ထန်ထန်
ရင်ခွင်ပျောက်လောက်အောင် လှိုင်းမထန်သင့်ဘူးကွာ
ခေတ်ကြီးရယ် ရက်စက်လောက်အောင်
ရေစီးနှုန်းတွေ မြန်ခဲ့တယ်။ ။



လင်းသစ်ဏီ

7 comments:

  1. လွတ်လပ်ရေးရတာအောင်ဆန်းကြောင့်လို
    ထင်ရင်မှားလိမ့်မယ် Geo politic
    ကြောင့် British က Asia က ဆုတ်
    ဖို့ ဆုံးဖြတ်ပြီးသားပါ..
    ဗမာတသိုက်က ကိုယ့်ဘာသာ
    မွှန်းနေကြတာ

    ReplyDelete
  2. သို့ ထော့မဲပါ..

    အဲ့တော့ဘာဖြစ်လဲ.. မကျေနပ်ရင် လာမဖတ်နဲ့လေ.. ပြည်ထောင်စု မြန်မာနိုင်ငံတော်လေ.. မျက်မှန်မည်းနဲ့ တပ်မကြည့်ပါနဲ့.. ဗိုလ်ချူပ်ကိုတောင် အောင်ဆန်းလို့ နင်က ပြောရအောင် နင်က ဘာကောင်လဲ.. နင်ကရော နိုင်ငံရေးဆိုတာကို ဘယ်လောက်တောင်နားလည်လို့လဲ.. ကိုမိုးလှိုင်ညကိုတော့ အားနာပါတယ်.. တော်တော်မိုက်ရိုင်းတယ်...

    ReplyDelete
  3. To ထော့မဲပါ

    Shut up your f**king Bloody mouth!!

    ReplyDelete
  4. တပိုင်းတစ မေ့လျော့နေပြီဖြစ်တဲ့ အောင်ဆန်းအာဇာနည် ကဗျာကို ပြန်ကျက်မှတ်ပြီး ထာဝရရင်ထဲကိန်းအောင်းဖို့ ဗိုလ်ချုပ်မွေးနေ့ ရောက်ခါနီးတိုင်း အသံထွက်ဆိုရွတ်ဖတ်မိပါတယ်..

    ReplyDelete
  5. ကျေးဇူးပါ...မတူရင် မတုပါ နဲ့  ဆိုပဲ...ဘာပဲဖြစ်ဖြစ် ပေါ့ လေ...ပို့ စ်နဲ့  ဆိုင်တာကိုပဲ အပြုသဘောနဲ့  ဝေဖန်ကြမယ်ဆိုရင်....

    ReplyDelete
  6. ချစ်သူ များ နေ့ ဆိုတာ နဲ့  တောင် မနိုင်းသင့့်ဝူးထင်ပါ့ ဗျာ....စွဲစွဲလမ်းလမ်း ဖြစ် မနေအားရင်တောင် ...မှတ်မှတ် ရရတော့  ရှိနေကြသင့်  တာပေါ့  ဗျာ...အားပေးလျက်....

    ReplyDelete
  7. မောင်ရင်ထော့မဲပါ
    ကျွန်တော့်အသက် ၂၃နှစ်ပါ။ ခင်ဗျား ၁၀၀ ပြည့်ဖို့  ငါးမူးလိုမယ် ထင်တယ်။ ဆိုလိုချင်တာက မောင်ရင်ကို ကျပ်မပြည့်ဘူးလို့  ပြောတာ။ ဒါကြောင့် မောင်ရင်လို့  ခေါ်တာ။ အရူးလို့  မခေါ်တာကို ၀မ်းသာပါ။

    ဗိုလ်ချုပ်မဟုတ်ရင် မင်းတစ်ဆွေတစ်မျိုးလုံး ခွေးမဖြစ်ရင်တောင် လမ်းဘေးမှာ တောင်းစားနေလောက်ပြီ။ သေချာတာ တစ်ခုပြောလိုက်မယ်။ မင်းသေရင် ပထမဆုံး မင်းလုပ်ရမှာက မင်းပထွေး ဒေ၀ဒတ်ကို အဖေခေါ်ပါရစေလို့  သွားတောင်းပန်လိုက်။

    အခု မင်းရေးတဲ့ comment မင်းအဖေသိရင် မင်းကိုမွေးရတာ -ီး နာတာပဲ အဖတ်တင်တယ်လို့  ညည်းလိမ့်မယ်။ ဒါပဲ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...