Monday, February 15, 2010

နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်..

နင်ကတော့ သိမှာလား

နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

နင်က ပိုက်ဆံတွေတဖျတ်ဖျတ်ရေနေမှာ

ယောင်္ကျားတစ်ယောက်ကို

ဘယ်လောက်တန်လည်းလို့ နင်တွက်ချက်နေမှာ


နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

နင်ကတော့ သိမှာလား

ခြေသည်းတွေအလှဆင်ပန်းဖော်နေမှာ

ငါကတော့အင်္ဂါထောင့်မှာ စပါယ်တွေနဲ့ဆုတောင်း

နင်သိချင်မှသိလိမ့်မယ်

နင့်မွေးနေ့လေးကိုငါရောက်ခဲ့တယ်

အင်္ကျီအဖြူကော်လံကတုံးနဲ့

ယောလုံခြည်လေးဝတ်လို့

နင်က မုန့်ဟင်းခါးချက်နေတယ်

နင်က ပျော်ပွဲစားထွက်နေတယ်


နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

ဆည်းလည်းသံလေးလွင်လို့

ရင်ပြင်တော်မှာ ကလေးငယ်တွေလည်းကစားလို့

နီယွန်မီးသီးအောက်က ရွှေရောင်နေ့ကလေးက

တရွေ့ရွေ့ဆုတ်ခွာ

Jazz ဂီတထဲက နင့်ညတွေဟာ လှပနေလား


နင့်မွေးနေ့လေးကို ငါရောက်ခဲ့တယ်

သစ်ရွက်တွေကြွေသလို တိတ်တိတ်ဆိတ်ဆိတ်

ငါ နင့်မွေးနေ့လေးဆီ အရောက်လာခဲ့ပါတယ်.။

မိုးလှိုင်ည

4 comments:

  1. ကဗျာထဲကိုယ်တိုင်ရောက်သွားတယ်..
    ကျေးဇူးဘဲ..မိုးလှိုင်ည

    ReplyDelete
  2. ကဗျာအတိုင်းဆို အရမ်းကြေကွဲဖို့ ကောင်းမှာပဲ
    အဲလို ကိစ္စတွေကြောင့် ဝေးခဲ့ရပေါင်းကို
    တွက်ရမယ်ဆိုရင်...

    ReplyDelete
  3. အင်းးးး ကဗျာလေးက ကြေကွဲစရာပဲဗျာ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...