Monday, February 22, 2010

အပြောင်းအလဲ

ငါငယ်ငယ်တုန်းက လူအားလုံးကိုယုံတယ်
မေတ္တာတရားနဲ့သင်ကြားရင်
အကုန်လုံးလိမ္မာယဉ်ကျေးလာမယ်လို့
ငါအခု လူအကုန်လုံးကို မယုံတော့ဘူး
တချို့လူတွေက
မေတ္တာတရားကို နားလည်လက်ခံနိုင်တဲ့
အသိဥာဏ်မရှိလို့ပဲ…။

မိုးလှိုင်ည

5 comments:

  1. ငါက လူတွေကို မယုံတာ မဟုတ်ဘူး
    ငါ့ကိုငါ မယုံတား)
    (တခါတလေ)အသိဥာဏ်မရှိတဲ့အပြင် မေတ္တာတရားလည်း ခေါင်းပါးတတ်လို့လေ :)

    ReplyDelete
  2. ကဗျာလေးကို ခံစားသွားတယ်နော်
    စာလာဖတ်အုံးဗျာ

    ReplyDelete
  3. ဟုတ်ပါတယ်။ တစ်ချို့လူတွေက မေတ္တာတရားကို နားမလည် လက်မခံတဲ့အပြင် တန်ဖိုးလဲ မထားတတ်ကြဘူးလေ။
    တစ်ခါတလေ ကိုယ်ကိုယ်တိုင်လဲဖြစ်တတ်ပါတယ်။
    ကဗျာလေးကောင်းတယ်။ ကူးထားလိုက်ပြီဗျာ။

    ReplyDelete
  4. ကိုယ်စိတ်ထဲမှာမှန်တယ်ထင်ရင်ဆက်လုပ်ပေါ့လေ
    စိတ်ထားဖွေးလက် ဥာဏ်ရည်ထက်စွာနဲ့
    ရှေ့လျောက် ငြိမ်းချမ်းစွာနဲ့ အောင်မြင်မှာပါ။

    နောက်ကွယ်ကအားပေးနေမယ်နော်

    ReplyDelete
  5. အကိုရေ အကီနိုရဲ့စံပြကဗျာဆရာလို့ မပြောရဘူး ထိမိပြန်ပြီ..စကားလုံးတွေ..အရမ်းကိုကြိုက်တယ် အကိုက လောကရဲ့မှန်ပဲ ...
    ခင်မင်စွာဖြင့်
    အကီနို

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...