Friday, August 7, 2009

၈ရက် ၈လ

သာမန်နေ့လေးတစ်နေ့ပါပဲ

ငါမွေးလာတော့ …

အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်…

တချို့တွေသေဆုံးသွားတော့

အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်…

ငါက မွေးနေ့ပွဲလုပ်ပြီးပျော်နေချိန်

တချို့အမေတွေ မျက်ရည်သုတ်နေချိန်

တချို့အဖေတွေ လက်သီးဆုပ်နေချိန်

ဆယ်စုနှစ်ခုစွန်းခဲ့ပြီ…

ဆယ်စုသုံးစုနီးကပ်ခဲ့ပြီ…

အခု သူတို့ရှိလှ အသက်လေးဆယ်ပေါ့

အခု ငါ့အသက်က သုံးဆယ်ပြည့်ဖို့ သုံးနှစ်လို…

အဲဒီလို သာမာန်နေ့တစ်နေ့ပါပဲ…

ငါမှာ

ငါတို့မှာ

မမေ့နိုင်စရာတွေရှိခဲ့တယ်…။


မိုးလှိုင်ည

24 comments:

  1. မမေ့နိုင်စရာတွေ ရှိနေခဲ့တဲ့ ဒီနေ့မှာမွေးခဲ့တဲ့ မောင်မိုးလှိုင်ညရဲ့  မွေးနေ့တိုင်းကို သတိရနေမှာပါ...
    ကိုအောင်သာငယ်ရဲ့ သားအကြီးဆုံးလည်း ဒီ ၈ ရက်နေ့
    မှာဘဲ မွေးခဲ့တာပေါ့...

    ၈ ရက် ၈ လ မှာမွေးဖွားခဲ့တဲ့ မွေးနေ့ရှင်များ အားလုံး
    သာယာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးပါတယ်...

    mie nge

    ReplyDelete
  2. တကယ်ကြီး မွေးနေ့ ဆိုတော့ အဲဒီနေ့ ဆွမ်းကပ်ရင် ကောင်းတာပေါ့ မွေးနေ့လုပ်တယ် ဆိုပြီး အကြောင်းပြလို့ ရတယ်။
    အမ ခင်မင်းဇော်

    ReplyDelete
  3. မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုမတောင်းချင်ဘူး..
    တဘက်မှာ ဝမ်းနည်းမှုတွေရှိတယ် ...

    အနက်ရောင် ဩဂတ်လို့ မရေရွတ်မိချင်ဘူး..
    တဘက်မှာ မင်းမွေးနေ့ ရှိနေခဲ့တယ်....

    ReplyDelete
  4. မွေးနေ့ မှာ..ပျော်ရွှင်ပါစေ..ရှင်..(ဘာကျွေးမှာလဲ..)

    ReplyDelete
  5. Leo ဘွား ခြင်္သေ့ကြီး ဘ၀ကို ရဲရင့်တည်ကြည် အများအကျိုးရှိစွာ ဖြတ်သန်းနိုင်ပါစေ...

    ReplyDelete
  6. Happy Birthday par Ko Moe Hlaing Nya!

    ReplyDelete
  7. ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ အစ်ကိုရေ..

    လေးစားလျက်
    ခန့်နေ

    ReplyDelete
  8. ကဗျာတွေ ဒီထက်မက ရေးနိုင်ပါစေလို့...
    မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ.....

    ReplyDelete
  9. မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာဖြင့် ကဗျာကောင်းကောင်းလေးတွေရေးနိုင်ပါစေ။

    ReplyDelete
  10. အမတို့များလေ.. ဆုသုတောင်းပေးတယ်.. တကယ့်နေ့ပဲဆိုတာကို သတိမထားမိခဲ့.. ၈ရက်၈လကို မေ့တာ မဟုတ်ပါ.. သြဂုတ်လ ၈ရက်ဆိုလို့ မျက်စေ့မှောက်သွားတာ..။ အင်းးး အဲဒီတုန်းက ၆နှစ်ပြည့် မွေးနေ့ပေါ့....။ ခုထိတော့ မွန်းသထက် မွန်းး ကျပ်သထက်ကျပ်နေရတဲ့ အချိန်တွေထဲမှာပဲ ရှိနေရဆဲပေါ့နော်..။ လွတ်လပ် ပျော်ရွှင်တဲ့ဘ၀ အမြန်ဆုံးရပါစေ။

    ReplyDelete
  11. `ပျော်ရွှင်မှု`ဆိုတာက ခဏတာပါပဲ...

    အဲဒါကြောင့် မွေးနေ့မှသည်... ရှင်သန်နေသမျှ ဘ၀နေ့ရက်တွေမှာ စိတ်ငြိမ်းချမ်းမှုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  12. HAPPY BIRTHDAY! POETS STAYS ON THE HIGHEST LEVEL ON MY INTELECT SHELF :)

    ReplyDelete
  13. ကို မိုးလှိုင်ည ကျနော်နဲ့ ခင်ဗျား အသိမိတ်ဆွေ တွေ မဟုတ်ပေမယ့် ခင်ဗျား ကဗျာတွေနဲ့  ကျနော်က ရင်းနှီးပြီးသား ကဗျာနဲ့ ခင်ဗျား ခွဲ မရအောင် ထပ်တူကျနေတာ့ ခင်ဗျား မွေးနေ့  ဟာ ခင်ဗျားချစ်တဲ့ ကဗျာတွေ ကျနော် လေးစား တဲ့  ကဗျာ တွေရဲ့ မွေးနေ့ ပါ ...... အစ်ကို ........... ထွက် လာသမျှ ရင်ထဲက ခံစားမှု တွေကို မင်စက် အဖြစ်ပြောင်းနိုင်ပါစေ ....... မွေးနေ့ မှာ ပျော် ရွှင်ပါစေ ........

    ReplyDelete
  14. ကိုယ့်သားကြီးနဲ့ မွေးနေ့လာတူနေတဲ့ ကိုယ့်ညီကြီး...
    အမှတ်တရပါပဲ...
    မွေးနေ့မှသည် နောင်ရာစုနှစ်တခုဆီအထိ
    ကမ္ဘာမြေမှာ တိုးရှဲ
    ကဗျာတွေသာ ပျိုးကျဲနေနိုင်ပါစေ...

    ချစ်ခင်သော
    အကိုကြီး
    (အောင်သာငယ်)

    ReplyDelete
  15. Happy Birthday par.
    Many more happy return of the day.

    ReplyDelete
  16. အမြဲလာလည်တတ်ပေမယ့် တခါမှမနှုတ်ဆက်ဖြစ်ဘူး...
    ခုတော့ မွေးနေ့ လက်ဆောင်လေးလာပေးတာပါ...
    အပျင်းပြေလေးတော့ ဖတ်ကြည့်ပေါ့နော်..
    ပျော်ရွှင်ချမ်းမြေ့ပါစေ...

    "သြဂုတ်လ၈ရက်မွေးသူ... LEO II များသည် ဟန်ချက်ညီစွာသမာသမတ်ကျကျလုပ်ကိုင်တတ်သည်။ မျှမျှတတ တွေးခေါ်တတ်သည်။ အစွန်းနှစ်ဖက် လွတ်အောင် တွေးခေါ်ဆောင်ရွက်နိုင်သည်။ ရိုးသားဖြောင့်မတ်သူများ ဖြစ်ပေရာ ဤကာလမွေးသူများကို Balanced Strength များဟုသတ်မှတ်သည်။ မျှတမှုနှင့် သာတူညီမျှရှိမှုအပေါ် အလေးထားသူများဖြစ်သည်။ အစွန်းနှစ်ဖက်ရောက်နေသည်များအပေါ် ကြားဝင်ညှိုနှိုင်းပေးနိုင်စွမ်းရှိသည်။ ပဋိပက္ခများအပေါ် တရားမျှတစွာ ထိမ်းချုပ်နိုင်စွမ်းရှိသည်။ လေ့လာသုံးသပ်မှုစွမ်းရည် မြင့်မားသည်။ ဘက်မလိုက် ခိုင်မာသောရပ်တည်ချက်နှင့် ဇွဲကြီးကြီးလုပ်ကိုင်တတ်သော သဘာဝကိုပိုင်ဆိုင်သည်။
    ဆရာ စံ-ဇာဏီဘို၏ ၁၂ရာသီဟောကိန်းမှ..."

    အမျိုး၊ဘာသာ၊သာသနာ အတွက် ကိုမိုးလှိုင်ညရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်အောင်မြင်ပါစေလို့ 
    ခင်မင်လေးစားလျက်...

    ReplyDelete
  17. မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုမိုးလှိုင်ညရေ မစနေ ဆီမှာ တင်ထားတာလေး တွေ့လို့ လာပြီး birthday wish လေးလာလုပ်တာပါနော်

    ခင်မင်လျှက်

    ReplyDelete
  18. ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ကိုမိုးလှိုင်ည ရေ။
    မမနိုင်း ဆီကနေ လိုက်လာတာပါ။

    ReplyDelete
  19. ကဗျာဆရာနဲ့ ကဗျာချစ်သူ ဘဝနှစ်ခုကို အချိုးကျကျပိုင်ဆိုင်ထားတဲ့ မိုးလှိုင်ည - အစစအရာရာ အဆင်ပြေပြီး ကဗျာတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ပါစေလို့ သံလွင်အိပ်မက်က လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။

    ReplyDelete
  20. အမြဲမှတ်မိနေတော့မယ့် မွေးရက် မွေးလ ပါပဲ..
    မွေးနေ့မှာ တောင်းတဲ့ဆုများ ပြည့်ပါစေ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

    ReplyDelete
  21. HAPPY BIRTHDAY ကိုမိုးလှိုင်ည။
    LEO ဖွားတွေကအနုပညာဉာဏ်ရှိပြီး
    ခံစားတတ်တဲ့လူမျိုးတွေပါ။ မဟုတ်မခံတဲ့စိတ်လဲရှိတယ်ဆိုတာ
    အကိုကတော့သက်သေပါပဲ။ အောင်မြင်ပျော်ရွှင်ပါစေ။

    ReplyDelete
  22. ကိုဂျူလိုင်ပြောလို့သိရတယ်...

    ဘဝတွေ ဖြစ်လာတယ်...
    ဘဝတွေ ပျောက်ဆုံးသွားတယ်...

    အဲဒီနှစ်ခုကြားက အဖြစ်တွေ... လုပ်ရပ်တွေ... ဖြတ်သန်းမှုတွေက ပိုပြီး အရေးကြီးပါတယ်...

    carry on... till 100

    ReplyDelete
  23. Happy Birthday အကို
    အရမ်းကို ပီပြင်လေးနက်တဲ့ ကဗျာကောင်းလေးပါ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...