ပိရမစ်များ
ခမ်းနားမှုဟာ အမှန်တရားမဟုတ်ဘူး…။
အသက်တွေ ဘယ်လောက်အထိပေးဆပ်ရမှာလည်း
သွေးချွေးတွေ ဘယ်လောက်ထိအငွေ့ပျံပေးရမှာလည်း…
အင်အားဟာမလဲပြိုနိုင်ဘူးလို့
လှေနံဓားထစ် မိုက်မဲမှုများ
နောက်ဆုံးတော့ သဲဖုံးတောင်တန်းတွေ အသွင်နဲ့
ဒိုင်နိုဆောတွေဟာ
သူတို့အကြောင်း ငါတို့မတွေးမိခင်ကတည်းက
မျိုးတုန်းပျောက်ကွယ်သွားခဲ့တာ…။
အဆိပ်ပြင်းတဲ့ ကင်းမြှီးကောက်တွေနဲ့ ပိုးဟပ်တွေကလွဲပြီး
ပိရမစ်တွေထဲ
ဘယ်သူ ရှင်ပြန်ထမြောက်နိုင်မလည်း
အတ္တတွေ ချွှန်မြပြီး ဖာရိုဘုရင်တွေ
ကမ္ဘာဦးအလင်းကို စောင့်ဆိုင်းချိန်
ကျပ်စည်းထားတဲ့ မံမီရုပ်အလောင်းတွေ
ဓါတ်ခွဲခန်းထဲ ရွှေ့ပြောင်းစံမြန်းချိန်
ပိရမစ်ထဲက တစ္ဆေတွေလှောင်ရယ်သံဟာ
ပဲ့တင်ထပ်ခဲ့ပေါ့…
သဲအိပ်မက်တွေရဲ့ နိဂုံးဟာ
သုတေသနစာတမ်းတစ်စောင်ရဲ့
…………………………………..
နောက်ဆုံးဝါကျမှာတင် ပြီးဆုံးသွားခဲ့တယ်…။
မိုးလှိုင်ည
ဝန်ခံချက်: ဆရာမောင်ရှင်စောရဲ့ ပိရမစ် ကဗျာကိုဖတ်မိပြီး ဆင့်ပွားရေးဖွဲ့
ထားခြင်းဖြစ်ပါသည်…။
ပထမဆုံး ၀ါကျတစ်ကြောင်းနဲ့တင် ပိရမစ်များကို ခံစားကြည့်သွားတယ်
ReplyDeleteနောက်ပိုင်းတွေ သိပ်နားမလည်လို့...:)
“ပိရမစ်”....များရှိတဲ့ နားမှာနေရလို့လားမသိဘူး.....
ReplyDelete“ပိရမစ်များ” ကဗျာကို ခံစားလို့ ရတယ်.....
နိုင်းမြစ်ဝှမ်းက ဂူသချို င်္င်းကြီးတွေကို မျက်လုံးထဲ မြင်လာမိတယ် .... ပျက်စီးချင်းသဘောကို ခံ စားလိုက်ရပါတယ် .... စာသားတွေက ကျစ် လစ်ပြီး လှတယ် ..... နောင်လည်း ကဗျာ လှလှတွေ မြောက် မြားစွာ ဖွဲ့ သီနိုင်ပါစေ .....
ReplyDelete(ရန်ကုန်သား)