Thursday, August 27, 2009

ငါ မင်းကို မေ့ပြီလား

အဝေးဆုံးကျွှန်းကိုရွေးခဲ့တော့

ငါ့ရေမိုင်တွေရှည်လျားခဲ့တယ်

ငါ့မုန်တိုင်းတွေပိုများခဲ့တယ်

ပင်လယ်က သူ့အာသာရမ္မက်တွေနဲ့

ဒေါသတကြီး

ငါက ဒဏ်ရာရအတောင်ပံတွေကို

ကိုယ်တိုင်ပြန်သရနေတဲ့ငှက်တစ်ကောင်

မြစ်တွေကို ဆန်တက်ရတာထက်

ပင်လယ်ကို ချန်ထားခဲ့ရတာကို

ငါပိုသဘောကျတယ်…

အတွေ့အကြုံနည်းရင်

မြန်နှုန်းမြှင့်ရမှာ ကြောက်တတ်တယ်

လောင်ကျွမ်းသွားတဲ့ ကြယ်တွေမှာ

သူရဲဘောနည်းသူတွေရဲ့ နာမည်မပါ…


မိုးလှိုင်ည

4 comments:

  1. သဘောင်္ာသားမှတ်နေတာ.. :DD

    ReplyDelete
  2. ဟုတ်တယ်အကို မြစ်တွေကိုချန်ထားရတာထက် ပင်လယ်တစ်ဘက်ကိုကူးတာပိုကြီုက်တယ် ပင်လယ်တစ်ဘက်ထက် သမုဒရာ ရဲ့ အနားသတ်တွေမှာ ပြေးတမ်းလိုက်တမ်း ကစားရတာကိုပျော်တယ်အကို

    ReplyDelete
  3. မြစ်တွေကို ဆန်တက်ရတာထက်
    ပင်လယ်ကို ချန်ထားခဲ့ရတာကို
    ငါပိုသဘောကျတယ်…

    လောင်ကျွမ်းသွားတဲ့ ကြယ်တွေမှာ သူရဲဘောနည်းသူတွေရဲ့ နာမည်မပါ…


    ကြိုက်မိတဲ့စာသားလေးတွေပါ..အကိုရေ....

    ReplyDelete
  4. ကဗျာလေးတွေ ကတော့ အရမ်းကို စိတ်ကူးကောင်းတဲ့ ခံစားမှုကဗျာလေးတွေပါ
    http://zippercoollink.blogspot.com/
    ကျနော် ဘလော့အသစ်လေးကို လည်း လာပြီး ပြုပြင်ပေးပါဦး ဗျာ (အားရင်)၊
    အမြဲအားပေးလျက်။။။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...