ညီမလေး ငါအမှန်တကယ်ဖျားနေတာပါ…
မင်းသိမ်းပိုက်ထားတဲ့ အိပ်မက်တစ်ခြမ်းထဲမှာ
ငါ့အပေါ် အမုန်းမိုးတွေ သိပ်သိပ်သည်းသည်း
ရက်စက်တယ်လို့မဆိုရက်ပါဘူး
ငါကိုယ်တိုင်က ရင်ဘတ်ထဲဒဏ်ခံနိုင်အားတွေ
သိပ်နည်းပါးလွန်းတာပါ…
ညီမလေးရေ အခုတော့ငါဖျားနေပြီး
ကိလေသာရဲ့ လေးညွှတ်ကိုင်းဖျားပေါ်က
သားရေပြားတစ်စလို့
ငါ့စိတ်တွေတဆတ်ဆတ်တုန်ခါလို့
အခု ဆယ်စုတွေအများကြီးထဲ
အလွမ်းနဲ့ ဖျစ်ဖျစ်တောက်လောင်ကျွမ်းလို့
တောမီးလို တအုံ့အုံ့နွေးနွေး
တလုံးတခဲကြီးကို လောင်ကျွမ်းလို့…
ညီမလေးရယ်…
ကဗျာဟာ ငါ့အတ္တပါ…
ပြီးတော့ ငါ့အနတ္တလည်းဖြစ်တယ်
ညီမလေး
အခုတော့ ငါဖျားနေပြီ…
ညီမလေးလည်း ငါ့ဆီမှာမရှိတော့ဘူး…။
မိုးလှိုင်ည
ညီမလေးရေ...
ReplyDeleteပရိုကိုးဖြစ်ဖြစ်..
ဆရာမောင်ဆေးနီမှုန့်ဖြစ်ဖြစ်
တိုက်လိုက်စမ်းပါ..ဒီကဗျာဆရာကို
ကိုမိုးရေ...တူနေပြီဗျာ..
ReplyDeleteကဗျာလေး ခံစားသွားပါတယ် အစ်ကိုရေ၊ ဆေးခန်း ဖြစ်ဖြစ်တော့ သွားလိုက်ပါဗျာ၊ ညီမလေး ကိုလိုက်ပို့ခိုင်းပေါ့၊ :)
ReplyDeleteကိလေသာရဲ့ လေးညွှတ်ကိုင်းဖျားပေါ်က သားရေပြားတစ်စလို့ ငါ့စိတ်တွေတဆတ်ဆတ်တုန်ခါလို့
ReplyDeleteဆိုတဲ့ စာသားလေး ကြိုက်တယ် အကိုရေ...
အလွမ်းကို ဖွဲ့ပုံလေး ကျွန်တော်လည်း လွမ်းသွားတယ်။
ကဗျာ ဟာငါ့အတ္တ နောက် အနတ္တလည်း ဖြစ်တယ် ဆိုတာ သဘောကျတယ်ဗျာ...
ReplyDeleteခင်ဗျားဖျားနေတဲ့သတင်း ညီမလေးဆီ ဆက်ဆက် ပို့ပေးပါ့မယ်။
ဒီကဗျာကို ညီမလေးဖတ်မိရင် ဆေးလာတိုက်ချင်စိတ်တွေ ပေါက်လာမှာပါ ဦးမိုးရဲ့ :)a
ReplyDeleteအစ်ကိုရေ....ဆေးသောက်နော်။တော်ကြာညီမလေးနဲ့ 
ReplyDeleteထပ်မဆုံပဲနေမယ်.... :)
ကဗျာလေးတွေ ဖတ်သွားတယ် ကိုမိုးလှုင်ည ပြောနေကျအတိုင်းပေါ့
ReplyDeleteစကားလုံးတွေ ကြွယ်ကြွယ်ဝဝနဲ့  ကိုမိုးလှုင်ညကဗျာတွေက ညက်ညက်လေး နဲ့ ကောင်းတယ်
:D
ပီားးး မမ အိန္ဒြာပြောသလိုပဲ
ReplyDelete