Sunday, August 16, 2009

စစ်ပွဲ

မနေ့ညကအထိ
ငါတို့ရဲ့နောက်ဆုံးခရီးစဉ်ကိုမသိရှိရသေးဘူး
မိုးလင်းတော့ ဆက်သွယ်ရေးတာဝါတိုင်တွေ
ပြိုလဲကျကုန်ပြီ...
ဖုန်းခေါ်ဆိုလို့မရနိုင်တော့ဘူး...
အီးမေးစ်ပို့ဖို့ မော်နီတာအပျက်တွေက
ကြမ်းပြင်ပေါ်မှောက်လျှက်လဲနေတယ်..
မြေအောက်ဘူတာရုံထဲမှာ
သောက်ရေတစ်ဗူးကိုလိုက်ရှာနေတာ
ကလေးငယ်တစ်သိုက်က အသံမထွက်အောင်ကြိတ်ရှိုက်နေတယ်
တစ်ယောက်ယောက်ဆီမှာ ပေါင်မုန့်အသိုးတွေရှိနိုင်သေးလား
ဒဏ်ရာရနေတဲ့လူတွေကိုမကြည့်မိအောင်
မျက်လုံးကို အတင်းလွှဲဖယ်နေရတယ်...
အဆက်မပြတ်ပေါက်ကွဲသံတွေကြားတယ်..
အဆက်သွယ်ပြတ်သွားတဲ့လူတွေဆီက ဆုတောင်းသံတွေကြားတယ်
အနီအောက် ရောင်ခြည်တန်းတွေကို သွားမထိနဲ့........
ကောင်လေးက ရူးရူးမိုက်မိုက်ပြေးထွက်သွားတယ်
စစ်ပွဲကို လက်နှက်ကိုင် မဟုတ်သူများကတည့်တည့်ရင်ဆိုင်လို့
လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လိုက်ပြီ...
အဲဒီသတင်းကို အရပ်သားတွေတစ်ယောက်မှသိခွင့်မရဘူး...
ရေဆိုးပြစ်တဲ့မြောင်းထဲကို စစ်သားတစ်ယောက်က
လက်ပစ်ဗုံးတွေပစ်သွင်းတယ်...
အထဲမှာက ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတစ်ချို့
စစ်ပွဲကို အရပ်သားတွေကတည့်တည့်ရင်ဆိုင်လို့....။


မိုးလှိုင်ည


ပုံလေးက ဇာတိ ရှာပေးတာ...။


6 comments:

  1. တင်ပြီးသားပေမယ့် ပြန်ဖတ်သွားတယ် ကြိုက်တယ်
    အဲဒီကဗျာကို ဖတ်ပြီး ကိုယ်က လက်ဖြောင့်တပ်သား ဆိုတာ ရေးမိခဲ့တယ်လေ

    ReplyDelete
  2. ယမ်းနံ့တွေ မွှန်လိုက်တာဗျာ...အရပ်သားတွေ တည့်တည့်ကိုရင်ဆိုင်နေရတာ ပေါ်လွင်လိုက်တာဗျာ.. ကြိုက်တယ်အစ်ကိုရေ ကဗျာကို

    ReplyDelete
  3. ဟုတ်တယ် ဒီကဗျာက ပထမအကြိမ်ထဲက
    ကြိုက်နေတာ

    ReplyDelete
  4. ဟုတ်တယ်ဗျာ။ အရပ်သားတွေပဲ တည့်တည့်ရင်ဆိုင်နေရတာ။ :(

    ReplyDelete
  5. စစ်ပွဲမှာ တကယ်တမ်း အထိနာတာက အရပ်သားတွေပါပဲ...တို့ချစ်တဲ့ ကမ္ဘာနဲ့ တို့ချစ်တဲ့ ကလေးတွေအတွက် စစ်ပွဲတွေကို မလိုချင်ဘူး။

    ReplyDelete
  6. အင်းး ခုချိန်ထိ.. တည့်တည့်ရင်ဆိုင်ရဆဲ... အဲဒီကဗျာ ဘယ်တော့ ဟောင်းမလဲ..။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...