Tuesday, August 4, 2009

နေထိုင်ခြင်း မှတ်စုတို

တွေးနေမိတာက

နာကျင်မှုတွေနဲ့ဝေးတဲ့အရပ်

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ဒီအရွယ်ကြီးရောက်ခါမှ အတည်ပေါက်ကြီးပေါ့ပျက်နေတုန်း

ဒါမဟုတ် ကပေါက်တိကပေါက်ချာလေးနက်နေတယ်…။

ကျန်းမာရေး

မသေရုံတမည်ကောင်းတယ်


ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကျော်စွာတစ်ရာ ထဲက မက်ခရာဗိလီစာမျက်နှာနဲ့

ဆရာ ဦးဆန်းလွင်ရဲ့ သေခြင်းဒဿန


ရောက်နေဖြစ်တာက

ဘောလုံးအသင်းနာမည်နဲ့ ဘီယာဆိုင်

ရေးဖြစ်နေတာက

၂၇နှစ်အတွင်းမှာ ဆုံဖြစ်ခဲ့တဲ့ လူတွေအကြောင်း

အကောင်းတော့ သိပ်မပါဘူး…။

နားထောင်ဖြစ်နေတာက

ထူးအိမ်သင်ရဲ့ မဟာဝီရ


ရွတ်နေမိတဲ့ကဗျာက

မင်းအတွေးအခေါ်ကအရောင်မထွက်ဘူး

အဲဒီလိုထိမိစမ်းမိဖို့

ကျွန်တော်ချီတက်လာတာမှမဟုတ်တာ

(မောင်ဖီလာ)

ဖြစ်ချင်နေတာက

နွေရာသီရဲ့ အိတ်ကပ်ထဲက ဆည်းဆာကို

အကြိုထုတ် သုံးချင်နေတာ။


စားဖြစ်နေတတ်တာက

ဘာစားဖြစ်ခဲ့လည်းတစ်ခါတစ်ခါကိုယ့်ဟာကိုယ်မေ့နေတယ်။


သနားနေမိတာက

ကိုယ်ကလွဲရင်အကုန်လုံးကို သနားတယ်

အားလုံးလည်း သူဒုက္ခနဲ့သူ။


လွမ်းနေမိတာက

ဧရာဝတီမြစ်ကမ်းဘေးက

၂၀၀၁ ခုနှစ်ညနေစောင်း


မေ့လျော့ပစ်နေမိတာက

မစုဆောင်းဖြစ်ခဲ့တဲ့ ဘဏ်စာရင်းတွေ



ခါးသက်နေမိတာက

ဖြူစင်လွန်းတဲ့ ကိုယ့်စိတ်ကူးတွေအတွက်



တမ်းတနေမိတာက

ရိုးသားမှုတွေနဲ့ အစိမ်းရောင်မျက်စောင်း



ကြိတ်ပြီးချီးကျူးနေမိတာက

နိုဘယ်ဆုကို ငြင်းလိုက်တဲ့ စာရေးဆရာ



ကြိတ်ပြီးအထင်သေးနေမိတာက

မိုးလှိုင်ညကို မသိတဲ့လူ



ဆန္ဒမရှိတဲ့နေရာ

မရောက်ဘူးတဲ့အရပ်



ဆန္ဒရှိနေတဲ့ကိစ္စ

တစ်ယောက်ယောက်ကိုတွေ့ရင်

ဘာကြောင့်ဘလော့ရေးသင့်လည်း ပြောပြချင်တာလေ…။


မုန်းတီးနေမိတာက

ကိုယ့်ကိုယ့်အပြည့်မုန်းတယ်(အသုံးမကျတတ်လွန်းလို့)



ချစ်နေတာက

ဘ၀ဆန်တဲ့ကဗျာ ကဗျာဆန်တဲ့ဘဝ



စိတ်ပျက်နေမိတာက

ကော်နက်ရှင်မရတဲ့ နေ့စွဲတွေ



စွဲလန်းနေမိတာက

အိပ်မက်ထဲက လွယ်အိတ်တစ်လုံး


လိုအပ်နေတာက

ကဗျာစာအုပ်၊ လက်ဘက်ရည်ကျစိမ့်၊ စီးကရက်ခပ်များများ။



ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

တို့ချစ်တဲ့ ကမ္ဘာ တို့ချစ်တဲ့ ကလေးတွေ (အခုတလော)



ဝန်ခံချင်တာက

မရေရာတဲ့ မနက်ဖြန်တွေကိုစီမံချင်တဲ့ မိုက်မဲမှု…။

မိုးလှိုင်ည

ကိုဖုန်းရေ ရေးတော့ရေးပြီး အဆင်မပြေတာရှိရင် ကိုယ့်ညီအစ်ကိုတွေပဲ ခွင့်လွှတ်ပေါ့ အစ်ကိုရာ…

စိတ်ရင်းက သဘောကောင်းတဲ့ လူဆိုတော့ ကျန်တဲ့သူ ထပ်မတဂ်တော့ပါဘူး ဒီတဂ်ကို ဒီနေရာမှာပဲ

နိဂုံးကမ္မအဆုံးသတ်လိုက်ပါတယ်…။ ( နောက်ဆိုရင် မေးခွန်းတွေ မများကြေးနော် စဉ်းစားရကျပ်လွန်းလို့)

10 comments:

  1. မေးခွန်း အော်ရီဂျင်နယ်ကကို များနေတာပါ
    မိုးလှိုင်ရယ်...း)

    ဘာပဲပြောပြော ရေးပေးတာ ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  2. မေးခွန်းတွေများပေမယ့် ရေးထားတာ တိုတိုလေးတွေပါ..သဘောကောင်းပေမယ့် ကပ်စေးနည်းကြီး...

    mie nge

    ReplyDelete
  3. ဒီအရွယ်ကြီးရောက်ခါမှ အတည်ပေါက်ကြီးပေါ့ပျက်နေတုန်း
    ဒါမဟုတ် ကပေါက်တိကပေါက်ချာလေးနက်နေတယ်…

    တူနေပါပေါ့လား ကိုယ့်ညီ...း)

    ReplyDelete
  4. ချစ်နေတာက

    ဘ၀ဆန်တဲ့ကဗျာ ကဗျာဆန်တဲ့ဘဝ

    ကြိုက်တယ်ညီလေးရာ...

    ReplyDelete
  5. ကိုမိုးရေကြိုက်တယ်ဗျာ။ကပေါက်တိကပေါက်ချာလေးနက်
    မှုကိုကြိုက်တာဗျ။ကျနော်တို့ လည်းအဲ့လိုဖြစ်နေတုန်းပေါ့။

    ReplyDelete
  6. "မိုးလှိုင်ည" ကို သိဘူး..

    သိစေချင်ရင် လူများလို့
    စာလုံးကြီးကြီးရေးကပ်ထားပါ.. :D

    မိုးလှိုင်ညနဲ့ သိသွားရင်
    အထင်ကြီးမှာလားဟင်း..

    ReplyDelete
  7. ဟုတ်တယ်နော်..မေးခွန်းတွေ..များရင်.မဖြေတတ်ဖူး
    ..အစ်ကိုမိုးလိုင်ရေ.(ဦးလေး..လို့ ခေါ်တော့ဖူးနော်.း)..)

    ReplyDelete
  8. ကျမ ပထမဆုံးကွန်မန့်ပေးဖူးတာရယ်..။



    ကိုဖုန်းမြင့်ဆီက လင့်ခ်ကနေတဆင့်ရောက်လာတာပါ။

    လေးစားခင်မင်လျက်ပါ။တခြားဘာမှ မပြောတတ်ပေဘူး။

    ReplyDelete
  9. သောက်ဖြစ်နေတာက

    လက်ဖက်ရည်၊ စီးကရက်၊ .............:)

    ဘောလုံးအသင်းနာမည် ဆိုတာက ယူနိုက်တက်ပါတဲ့ အသင်း ဆိုလားပဲ... ရန်ကုန် ယူနိုက်တက် မဟုတ်တာတော့ သေချာတယ် :P

    ReplyDelete
  10. တို့ချစ်တဲ့ ကမ္ဘာ တို့ချစ်တဲ့ ကလေးတွေ ...

    အဲဒါလေးက တကယ်ကို အော်လို့ ကောင်းတယ်။ စိတ်ထဲမှာလည်း နှစ်နှစ်ကာကာပဲ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...