နင်ငါ့ကို ခဏခဏလိမ်တယ်...
ဇာတ်လမ်းတွေဆင်ပြီးလိမ်တယ်
ဆင်ခြေတွေအမျိုးမျိုးပေးပြီးလိမ်တယ်
တစ်ခါတစ်ခါဗြောင်လိမ်တယ်
တစ်ခါတစ်ခါ မတော်တဆဖြစ်ဟန်ဆောင်လိမ်တယ်
တစ်ခါတစ်ခါ ရူးသလိုကြောင်သလိုလိမ်တယ်
တစ်ခါတစ်ခါ မသိသလိုမတတ်သလိုလိမ်တယ်
နင်ငါ့ကိုလိမ်တယ်
နင်ငါ့ကို အမြဲလိမ်တယ်
နင်လိမ်ဆင်တွေငါမသိအောင်လို့
နင်ခဏခဏလိမ်ရတယ်
လူသိရှင်ကြားလိမ်တယ်
ခိုးကြောင်ခိုးဝှက်လိမ်တယ်
မိတ်ပျက်ဆွေပျက်အောင်လိမ်တယ်
ငါ့အပေါ်အားလုံးအထင်တွေလွဲအောင်လိမ်တယ်
ငါ့ကို ချောက်တွန်းပြီးလိမ်တယ်..
မျက်လုံးကို စေ့စေ့ကြည့်ရဲတဲ့ပုံစံနဲ့လိမ်တယ်
အသက်မပါသလိုလိမ်တယ်
မျက်ရည်လေးစမ်းစမ်းနဲ့ ကော်ဖီဆိုင်မှာထိုင်ရင်:လိမ်တယ်
အီးမေးစ်ပို့ပြီး လိမ်တယ်
ဖုန်းဆက်တောင်းပန်ပြီးလိမ်တယ်..
နင်ခဏခဏလိမ်တော့ နင်ကလိန်တွေထဲ နင်ချောင်ပိတ်မိတယ်..
ငါဘာမှမပြောတော့ နင်ဆက်လိမ်ပါ...
သံသရာနဲ့ ကံကြမ္မာတွေအဖြေထွက်လာတော့
နင်ဘယ်လိုဆက်လိမ်မလည်းဆိုတာ ငါစိတ်ဝင်စားလို့...!!!!
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
လိမ်ရင်းလိမ်ရင်းနဲ့ ရှင်းလို့ ကိုရတော့ဘူး...(Lover Star)
ReplyDeleteမင်းလဲ ငါ့ကိုလိမ်တယ်....( နာလိုက်တာ )းP
ReplyDeleteမြွေတွေဆိုလဲ သားပေါက်ကာနီးဆို အဲ့လောက်နီးနီးကိုလိမ်တာတဲ့ :)
ReplyDeleteအလကား အလကားနောက်တာ။လိမ် လိမ် လိမ်နဲ့..ဆိုတော့..သွားတွေးမိလိုက်လို့..
ဟင့်အင်း..
ReplyDeleteငါတစ်ခါ့မှလိမ်ရပါဘူး
ငါအဟုတ်ပြောလဲ လိမ်တယ်လို့နင်ထင်နေတယ်
ငါအမှန်အတိုင်းပြောလဲ လိမ်တယ်လို့နင်ထင်နေတယ်
ငါရိုးရိုးသားသားပြောလဲ လိမ်တယ်လို့နင်ထင်နေတယ်
..... .....
ကြာတော့ နင်ယုံအောင် ငါလိမ်တတ်ခဲ့တယ်း)
ဆောရီး.. ကဗျာလေး ကောင်းတယ်မိုးလှိုင်
နိုင်းနိုင်းကတော့ မလိမ်ဘူးပြောနေတာပဲ
ReplyDeleteလောကမှာ လိမ်တဲ့သူကနည်းပြီး
ReplyDeleteအလိမ်ခံမယ့်သူကများပါတယ်
မလိမ်တတ်ခဲ့ပါဘူး။ ဒါပေသိ အလိမ်ထိတာများတော့ အလိုလို တတ်လာတယ်။ ဟဲဟဲ။ စပါနော်။ ကိုမိုးလှိုင်ညရေ...စာလာဖတ်တာကြာပြီဗျာ။ မမန်းခဲ့တာရှိတာ။ လိင့်ကိုတောင် မပြောမဆို ချိတ်ထားတာ။ အခုတော့ မန်းလည်း ခဲ့တယ်။ ဥုံဖွ ..ဆက်လက်ရေးနိုင်ပါစေ။ လိင့်ထားခဲ့ပါတယ်။ www.royaltunn.blog.com
ReplyDeleteကဗျာက ကောင်းပါတယ် ဒါပေမဲ့ ကဗျာဆရာ ကိုမိုးလှိုင်လည်း လိမ်တယ်။ အဲ့ဒီမှာ ရှိမယ်လို့ ပြောပြီး လိမ်တယ်။
ReplyDeleteဟုတ်တယ်..ကိုယ်အယုံကြည်ဆုံးလူ လိမ်တာ ခံရတာ ခံရအခက်ဆုံးဘဲ..။
ReplyDeleteကျနော်ဒီကဗျာလေးကို တော်တော်ကြိုက်ပါသည်။ ကျနော် Blog လေးမှာ တင်ခွင့်ပြုပါခင်ဗျာ... ကျနော် Blog က http://www.kzarni.co.cc/ အဲဒါလေးပါဗျာ....
ReplyDeleteကောင်းလိုက်တဲ.ကဗျာဗျာ။ ဟုတ်တယ် ကျွန်တော်လည်းအလိမ်ခံရတယ် ဒါပေမဲ. အလိမ်ခံရလွန်းလို. သူမလိမ်တော.မှာတောင်ကြောက်နေတယ်...း)
ReplyDeleteလိမ်ရင်တော့ ယုံအောင်လိမ်.. ငါသိတယ်နော်။
ReplyDeleteဒီကဗျာလေးကို အရမ်းကြိုက်တယ်ကွာ............
ReplyDeleteလောကကြီးထဲမှာလည်း အလိမ်တွေများနေသလိုဘဲ...
ဘယ်မှာလည်း အမှန်တရား...........
နင်ခဏခဏလိမ်တော့ နင်ကလိန်တွေထဲ
နင်ချောင်ပိတ်မိတယ်......
ဘာကြောင့်လိမ်တာလည်း???????????
ကဗျာဆရာရော မလိမ်ဘူဘူးလား...........
ဟား...ဟား......ဟား.......ဟား......
လောကကြီးက