Wednesday, January 27, 2010

အခုတောလည်း တစ်နှစ်ကြီးသွားပြီပေါ့… ညီမလေး

လွန်ခဲ့တဲ့ ၂၂ နှစ်တုန်းကတော့

ဒီနေ့မှာ ညီမလေးကိုမွေးခဲ့တယ်..

အခုတော့ ဖေဖေမေမေလည်း မရှိတော့ဘူး

အဝေးက အစ်ကို တစ်ယောက်လို

ညီမလေး ပျော်ရွှင်ပါစေဆုတောင်းပေးမယ်

ဒီတစ်နေ့လုံး အပြင်

ဒီတစ်ဘ၀လုံးလုံးပေါ့

အစ်ကိုရဲ့ပျက်ကွက်မှုတွေအပေါ်

ညီမလေး ခွင့်လွှတ်ပေးပါ…

လက်ဆောင်လည်းမပေးနိုင်ဘူး..

ညီမလေးကြိုက်တတ်တဲ့ မုန့်တွေလည်း ၀ယ်မကျွေးနိုင်ခဲ့ဘူး

အမှောင်နဲ့တိတ်ဆိတ်နေတဲ့အခန်းလေးထဲမှာ

ညီမလေးကိုသတိရနေတယ်…

ဒီတစ်နှစ်အပြီးမှာ တကယ်ကိုအဝေးကြီးကိုဝေးပြီလား…

ကြင်နာတတ်တဲ့ စိုးရိမ်တတ်တဲ့ ခွင့်လွှတ်တတ်တဲ့

ညီမလေး… ဆီမှာ ပျော်ရွှင်မှုတွေ အမြဲတမ်းတည်ရှိပါစေ…

ညီမလေးခေါင်းကဆံထုံးလေးပေါ်မှာ

အစ်ကိုစပါယ်ပန်းလေးတွေသီကုံးပေးဖို့ဆိုတာ

စိတ်ကူးလေးထဲမှာ အိပ်မက်ယုံ

ညီမလေး ဖြစ်လေရာဘ၀ အေးချမ်းလှပပါစေ…။


မိုးလှိုင်ည

3 comments:

  1. လွန်ခဲ့တဲ့ ၂၂ နှစ်က မွေးခဲ့တယ်ဆိုတော့ ခု ၂၃ပေါ့ ...

    ဖြစ်လေရာဘ၀လို့သုံးထားလို့ လိုက်တွေးနေမိတယ် ...

    စိတ်ထဲတမျိုးကြီးပဲ ...

    ReplyDelete
  2. အမှောင်နဲ့ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ

    ဖြစ်လေရာဘဝ

    ...

    ReplyDelete
  3. ဒီကဗျာလေးကိုတော်တော်ကြိုက်တယ်ကဗျာ
    ဆရာရေ..အဝေးကပေမဲ့ထားရှိတဲ့မေတ္တာရဲ့
    လေးနက်မှုလေးကိုစပ်ထားတာသိပ်လှတာပဲ..

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...