Monday, January 11, 2010

ညနေ ၂

တစ်ယောက်တည်းလား..
လမ်းတစ်ဖက်ကိုဖြတ်ကူးမလို့
သံသရာ တစ်စုံချထားပြီးပြီ...
ကိုယ့်ကိုယ်ကိုယ်တော့
ရီဝေေ၀ပြန်ပြုံးပြလိုက်တယ်
မလိုမုန်းထားသူတွေလည်း
စိတ်ချမ်းသာပျော်ရွှင်ပါစေပေါ့
ယတြာက သက်ရောက်ဂြိုလ်မှာ
မတ်တပ်ရပ်နေပါတဲ့...
ကောင်းကင်က ကြိုးပြတ်လာတဲ့စွန်လို့
ဘယ်ကိုလွင့်ကျရမယ် မသိဘူး...။

မိုးလှိုင်ည

3 comments:

  1. တစ်ယောက်တည်းဆို
    သံသရာက အစုံလိုက်တောင် ရှိသွားပြန်ပြီ။ သက်ရောက်ဂြိုဟ်တောင် ပါလာပြီ။ သူ့ကိုယ်သူ မသိမသာရပ်နေတာ ပြန်မြင်သွားတယ်။ ကိုမိုးလှိုင်ညရေ ။။။ ရေးချင်တာကို ထပ်ရေးသွားတယ်။ ကဗျာဆရာ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  2. တခါတရံဆို..မပြောပါဘူး...ဘ၀ရဲ့ ညနေခင်းတွေကိုတော့..ဒီလိုချည်း..အမြဲမဖြတ်မရစေနဲဗျာ..။ကဗျာဆရာလည်း ..မြန်မြန်လွတ်မြောက်ပါစေဗျာ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...