Monday, January 25, 2010

အခုဆိုရင် ဒါမျိုးကမဆန်းတော့ဘူး

လွဲချော်မှုတွေ တိုက်ဆိုင်တတ်လွန်းတော့
ငါ ကံကြမ္မာ ကိုချည်း အပြစ်မဖို့ချင်တော့ဘူး
အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ချေ…
အထူးပြုလုပ်ချက်တွေ သိပ်များတော့
၂၀၁၂ ကမ္ဘာကျော်သွားတယ်
Gender မှာ စပါယ်ရှယ်တစ်ခု ထပ်တိုးတယ်
ဘယ်ဘာသာမှ မကိုးကွယ်ဘူးလို့ ရိုးရိုးသားသားပြောခွင့်ရပြီ
စမ်းသပ်နေစရာမလိုပါဘူး
သေသွားတော့လည်း အသိသာချည်းပဲဟာ
နှစ်သိမ့် ပညာပေးဆွေးနွေးနေတာပဲ
လိုအပ်ရင် ကိုယ်ဝန်ဆောင်ပေးဖို့ ၀န်မလေးပါဘူး
အဲဒီလိုပြောပြီး ချစ်ခဲ့တာ…
မိခင်ကြီးစိုးသောခေတ်ဆိုရင်
မုန်ဖိုးများများတောင်းလို့ရမယ်ထင်တယ်
ဘောပင်မပါပဲ.. ကဗျာရေးလို့ရတယ်ဆိုတော့
သိမ်းထားမယ်ဆိုရင်
ကလောင်နာမည်ပေးစရာမလိုဘူး
ဖိုင်နာမည်တော့ပေးရမယ်..
အဖွင့်စနစ်မှာလည်း တန်ရာတန်ကြေးနဲ့
ခေါင်းမပါပဲ ခေါင်းမာတာ ဒီသတ္တ၀ါတွေပဲရှိမယ်ထင်တယ်
ဇီဝမျိုးစိတ်အသစ်ပေါ့
တွေ့ရှိချက်တွေကို လျို့ဝှက်ထားရအောင်
အချိန်တန်ရင် ပြောင်းဖူးပေါက်ပေါက်နဲ့ လဲစားလို့ရမယ်
သူမက ချန်ဂီလေဆိပ်ထဲကို ၀င်သွားပြီ
ကျွန်တော့် ဓါတ်ခဲနာရီက ရပ်နေတယ်
ဘာကြောင့် ခေတ်ရှေ့ပြေးချင်တာလည်း
နောက်ပြန်လှည့်လည်းရသားနဲ့
အချိန်တန်ရင် ကမ္ဘာတစ်ပါတ်ပြည့်သွားမှာပဲ….
အ၀တ်အစားတွေဝတ်မလာနဲ့
ငါတို့ Body Arts သွားလဲကြမယ်
အဲဒါမှာ ငါတို့လည်း ပိုက်ဆံရှိတာ သူတို့သိသွားမယ်
အပြင်မှာ ပြောနေကြတာပဲ ရိုးသားမှုက
ထမင်းဝယ်စားလို့ရလားတဲ့
( အိမ်ကို အနွေးဓါတ်ပေးဖို့ ဂတ်စ်လည်းမရှိဘူး
ပေါင်မုန့်လည်း မရှိတော့ဘူး ရှင်ဒီအတိုင်းငုတ်တုတ်ထိုင်နေမှာလား)
ဝတ္ထုတစ်ပုဒ်ထဲက စာသားများ
အခုဆိုရင် နာမည်ကြီးဖို့ နည်းလမ်းတွေ ပိုများလာတယ်
ကလစ်နှိပ်လိုက်တာက ကိုယ့်အပြစ်နဲ့ ကိုယ်
အာမခံ ထားတဲ့ခေတ်က ကျန်ခဲ့ပြီ
နည်းနည်းတော့ ရက်စက်တယ်
မီးလောင်နေတုန်း စောင်းတီးရတဲ့ အရသာ
အခုတော့လည်း ဒါမျိုးတွေက မဆန်းတော့ပါဘူး…

မိုးလှိုင်ည

5 comments:

  1. ကဗျာခေါင်းစီးက ဒါဆိုရင် မျိုးမကန်းတော့ဘူးတဲ့လားဗျာ။

    ReplyDelete
  2. အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ချေ…
    တဲ့
    :P

    အထူးပြုလုပ်ချက်တွေ သိပ်များတော့
    ၂၀၁၂ ကမ္ဘာကျော်သွားတယ်
    အဟတ် ဟတ် :D ဟုတ်ပ 2012 ရယ်..

    Gender မှာ စပါယ်ရှယ်တစ်ခု ထပ်တိုးတယ်
    Gender : M/F/MF
    :D

    concept တွေက ထိမိလွန်းတယ်။ အစ်ကိုရေးတာအားလုံးကြိုက်ပါတယ်။ အားလုံးဖတ်ဖူးတယ်။ ရန်ကုန်မြို့ အကြောင်းရေးထားတာကိုလဲ ကြိုက်တယ်။
    ကွန်မန့် မရေးဖူးတာပါ။

    ခင်တဲ့
    ပူးတေ

    ReplyDelete
  3. ခင်ဗျားကဗျာတွေက ပြောပြတဲ့ခေတ်အကြောင်း မကြာခဏ လာနားထောင်ဖြစ်တယ်..။

    ReplyDelete
  4. ကဗျာက တော့်တော့်ကို လိုရင်း ထိတယ်။
    စာတကြောင်း တကြောင်း ဖတ်ပြီးတိုင်း ကျက်သီးထတယ်။
    အဖွဲ့ ကျစ်လစ်တယ်။
    သိပ်ကြိုက်မိပါတယ်။

    မှူးဒါရီ

    ReplyDelete
  5. စာတစ်ကြောင်းတိုင်းမှာ မဆန်းပေမယ့် လှတဲ့ တန်ဖိုးတွေ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...