အဲဒီတုန်းက
အီဂျစ်နက္ခတ်တွေ ဈေးကွက်သိပ်မ၀င်သေးဘူး
ကိုကြီးနု အစီအရင်တွေနဲ့
မိုးမလင်းတတ်သေးတဲ့အချိန်
အဲဒီတုန်းက လွတ်လပ်ရေးဟာ
အပေးအယူများတယ်ဆိုတာ မသိသေးဘူး
အဲဒီတုန်းက လွတ်လပ်မှုဟာ
အမြဲတမ်း မလွတ်လပ်ဘူးဆိုတာကို
မရိပ်မိခဲ့ဘူး..
အင်္ဂလိပ်ဗိုလ်ချုပ်တစ်ယောက်က
ငါတို့က တစ်နှစ်ပဲ အိပ်ရေးပျက်ရမှာ
မင်းတို့က တစ်သက်လုံး မမြင်မစမ်း
မှောင်ကန်းကန်း အလံတင် အလေးပြု
အခု ထက်ထိ လွတ်လပ်ရေးက မိုးမလင်းတတ်သေး
အားလုံးဘ၀တွေလည်း မိုးမလင်းတတ်သေး
လွတ်လပ်ရေးကို မလွတ်လပ်မှုက
အမြဲတမ်းခြိမ်းခြောက်နေတယ်...
ငယ်ငယ်ကလို ငါလည်း ဟန်ဆောင်ပြီးတောင်
ပျော်မနေတတ်တော့...။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ် … ။ အနုပညာတစ်တောင့်ထည့် လွတ်လပ်မှု တစ်တောင့်ထည့် ဒီမိုကရေစီ တစ်တောင့်ထည့် ချစ်ခြင်းမေတ္တာတစ...
တစ်နေ့တော့ မိုးလင်းမှာပါ ကိုမိုးလှိုင်ရေ...
ReplyDeleteကျွန်တော်တို့ မြင်တွေ့ရမယ်လို့ ယုံကြည်နေတယ်။
အင်း......ခုထိတော့ မမြင်မစမ်းရှိဆဲပါပဲ
ReplyDeleteတော်တော်ကောင်းတဲ့ကဗျာလေးပါ.. သဘောကျမိတယ်..
ReplyDelete