ဘ၀ဟာ တောင်တန်းတစ်ခုက ညှို့ယူသလိုမျိုး အပေါ်ကိုငေးငေးတက်ရင်းက ငါတို့အတွက်
အိုအေစစ်လေးတွေ နားဖြတ်သန်းမိတာပါ… အဲဒီနေရာကို ချစ်ခြင်းအားဖြင့်
တည်ဆောက်ထားတယ်လို့ ငါမှတ်သားခဲ့ဖူးတယ်ကောင်မလေ
တကယ်တော့ နွေရာသီချည်း လွယ်ပိုးထားတဲ့ ဘ၀ကန္တရထဲ ငါဖြတ်သန်းသွားဘူး
သဲတောင်ကုန်းတွေ တစ်ကုန်းပြီး တစ်ကုန်း သဲမုန်တိုင်းတွေ တစ်ခုပြီးတစ်ခု
ငါ့ကိုတိုက်ခိုက်ခဲ့ဖူးတယ်…
လဲပြိုမတက် ငါ့ခြေထောက်တွေကို မှိုင်းညှို့ညှို့အိပ်မက်တွေက ဆွဲယူခဲ့တယ်…
ချစ်ခြင်းမှ စစ်ကူမရရင် ငါ့ဘ၀မှာ အောင်ပွဲဆိုတာ ဘယ်မှာရှိခဲ့မှာလည်းကောင်မေ
ငါတို့က ကောင်းကင်ဘုံခြင်းမတူဘူး ငါတို့က ခန္ဒာကိုယ်အချိုးအစားမတူဘူး
ဒါပေမယ့် ငါ့ကိုငြိမ်ဆိတ်စေခဲ့တဲ့
မင်းရဲ့ အိနြေ္ဒမျက်ဝန်းတွေထဲ ငါအကြိမ်ကြိမ် နစ်မြုပ်ချင်ခဲ့တယ်…
ငါတို့ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်တောင် ငတ်မွတ်ခဲ့ရလဲ
ငါဟာ မင်းခူးဆွတ်ဖို့ မျှော်လင့်နေတဲ့ သစ်သီးတစ်လုံးပါ
မင်းလက်ဖ၀ါးနဲ့ထိမှ မှည့်ဝင်းရမှာပါ…
ငါအပြင်ခွံ့က စိမ်းကားမာကျောပေမယ့် နှလုံးသားအတွင် နူးညံ့ညင်သာတဲ့
အနုပညာနဲ့ ဖန်ဆင်းထားပါတယ်
ကောင်မလေးရယ် ငါ့ကိုယ်ငါ ဆက်သဖို့ မင်းရဲ့ရှေ့မှာ ဒူးထောက်ခွင့်ပေးပါ…
တစ်ဘ၀စာအလုပ်ကျွေးပြုခွင့်အ
လုပ်ခအဖြစ်ပေးချေပါ
ကောင်မလေးရေ ပြက္ခဒိန်စာရွက်တွေလည်း ကြွေလွင့်ကုန်ပြီ လေ…
ဖြူရော်ရော်ညတွေထဲ မင်းနာမည်ရေးထားတဲ့ ကြယ်ကို ငါအသည်းသန်
ရှာနေမိတုန်းပါ… ဒီလိုနဲ့ မီးရောင်စုံထွန်းထားတဲ့ ပွဲတော်ညတွေဟာ
ငါ့နံဘေးက ဖြတ်သန်းသွားကြတယ်… မင်းဟာ နတ်သမီးတစ်ပါးဝတ်ရုံနဲ့
ငါအိပ်မက်တွေထဲမှာ နုပျိုနေတုန်းပါပဲ … အခုတော့ ငါ့ ညတွေအကုန်လုံး
ချိတ်ဆွဲထားတဲ့ လမင်းဆိုတဲ့
မီးအိမ်တစ်လုံးတောင် လင်းတစ်ခါ မှိန်တလှည့် မင်းပြန်လာမယ့်နေ့တွေဟာ
မနက်ဖြန် မနက်ဖြန်
မနက်ဖြန် များစွာထဲ ငါ့နဲ့ လက်တစ်ကမ်းမှာတင် မမှီမကမ်းဖြစ်နေရ…
ကောင်းမလေးရေ မင်းငေးနေတဲ့ကောင်းကင်ထဲမှာ
ဝမ်းနည်းနေမိတယ်
အခုတော့ နွေသစ်ပင်လို့ ခြောက်သွေ့ခက်လျှနေရ … မင်းနဲ့ငါ အိပ်မက်တူပေမယ့်
ညတာတွေကွဲပြားခဲ့တယ်…
လူသမိုင်းတစ်ခေတ်လုံး အညံ့ဖျင်းဆုံး အရေးအသားဆိုရင်တောင်
လွင့်ဝေလာတဲ့အိပ်မက်အစစ်တစ်
ချစ်ခြင်းအားဖြင့်
ကောင်လေး…။
a lal lal. lal
ReplyDeletethate pee nuu nyant hla chi larr byoh!!!
အလဲ့..လဲ့...လဲ့...လည်။သိပ်ပြီးနူးညံ့လှပါတယ်
ReplyDeleteဗျို့ ..... :)
စာသားအဖွဲ့က ကောင်းလိုက်တာ။
ReplyDeleteအရမ်းကောင်းတဲ့ ကဗျာဘဲ.....
ReplyDelete