ငါသာလျှင်တော်၊ သူမတော်ဟု
လူတော်ထင်ပါ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ။
“ကြွားရင်းနှင့်နှစ်၊ ၀ါးရင်းနစ်သည်”
နစ်လျက်နေပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
“အကောင်းဆိုးထင်၊ ဆိုးကောင်းထင်နှင့်”
အထင်လွဲပါ၊ တို့မြန်မာတို့
ဘယ်ခါဆယ်၍ရမလဲ။
“သူ့ကိုငါညှိုး၊ ငါ့သူညှိုးနှင့်”
အညှိုးကြီးပါ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ။
“ညီး၍မပြီး၊ ညူမပြီးဘူး”
အပြီးထကာ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့။
နိုးကြ ထကြ မြန်မာတို့။
သားမြေးတို့အတွက် ကြိုးစားစို့။
မင်းသုဝဏ်
ဆရာမင်းသုဝဏ်ရဲ့ အထက်ပါကဗျာကို ဆရာမောင်ဝံသရေးသားသည့်
ဆရာမင်းသုဝဏ်သို့ အမှတ်ရချက်များ ဆောင်းပါးမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ထိုဆောင်းပါးကို အမှတ်(၃) အောက်တိုဘာ ၂၀၀၄ ခုနှစ် စပယ်ဖြူ မဂ္ဂဇင်းတွင်
ဖော်ပြထားခြင်းဖြစ်ပါသည်…။ ကူးယူဖော်ပြခြင်းအတွက် ခွင့်ပြုချက်တောင်းခံခြင်း
မပြုနိုင်ခဲ့သည့်အတွက်ဆရာမောင်ဝံသနှင့်စပယ်ဖြူ မဂ္ဂဇင်းအပေါ်အနူးအညွတ်တောင်းပန်အပ်ပါသည်… ။
ဒီကဗျာ ခုမှဖတ်ဖူးတယ်
ReplyDeleteခုခေတ်ခုခါနဲ့ ကဗျာအရမ်းလိုက်ဖက်တယ်နော်
ကျေးဇူး မိုးလှိုင်