ပင်လယ်က ငါ့ဆီကိုပျက်ကျခဲ့တယ်..။
တစ်ကိုယ်လုံးပေါ် ကပ်ငြိနေတဲ့ ဆားပွင့်တွေကိုခါချရင်း
ရင်ထဲကခွာချလို့မရတဲ့ နာကျင်မှုတွေအပေါ်
သောင်ပြင်ပေါ်ပစ်ချလိုက်တဲ့ငါ့ ခန္ဒာကိုယ်ပေါ်
လှိုင်းကြတ်ခွတ်တွေပြေးပြေးရိုက်တယ်
ဝီစကီတွေခပ်များများမျိုချ
စီးကရက်တွေခပ်များများဖွာရှိုက်
ဘ၀ဟာထင်ထားတာထက်ပိုမူးပြီးပိုခါးသက်တယ်
သေခြင်းတရားကထပ်ချပ်မကွာ
ကမ်းစပ်ကနေ ဗာဂျီနီးယားစ်ဝုဖ်ဟာ
ကွေးမြစ်ထဲကို ဘာလို့ ဆင်းသွားရတာလည်း
ဟဲမင်းဝေးက ကမ်းခြေကို လှမ်းမြင်နေရတဲ့
ပြူတင်းပေါက်ကနေ ကိုယ့်ကိုယ်ဘာလို့ပစ်ချလိုက်ရတာလည်း
ရင်ဘတ်ကြီးတိုးလျိုးပေါက်နဲ့
ငါဘာကဆက်ချစ်နေရမလည်း...
ကမ်းခြေဟာ အနားသတ်မျဉ်းတစ်ခုအဆုံး
ဘ၀တစ်ခုရဲ့အစ...
မိုးလှိုင်ည
ကျနော်တော့ မြို့မငြိမ်း ဘာလို့ အုတ်ကားအောက် ခေါင်းထိုးထည့်လိုက်ရတာလဲ ဆိုတာ ပိုသိချင်တယ်။
ReplyDeleteကဗျာတွေအားလုံးကောင်းတယ်နော်..
ReplyDeleteရင်ဘတ်တွေနဲ့ ခံစားထားပုံရတယ်.. မကြာခန လာဖတ်ဖြစ်ပါတယ်... စကားလုံးရွေးချယ်ပုံလေးတွေကို သဘောကျမိတယ်...
ပထမဆုံးငါးကြောင်းကို အရမ်းသဘောကျတယ် ...
ReplyDelete