Monday, February 8, 2010

အရှုံးတွေဟာအဆုံးမရှိဘူး

ကဗျာမရေးတော့ပါဘူး ဆိုပြီးတော့မှ
စာရွက်အလွတ်တွေကိုဖြန့်ချမိနေတယ်


မိန်းမတစ်ယောက်ကို မချစ်တော့ပါဘူးလို့
ကိုယ်ကိုယ်ကိုကတိပေးပြီးမှ...


ကန်ရေပြင်ပေါ်ကညနေစောင်း
လေပြေအဝှေ့မှာ
နှလုံးသားက တဖျတ်ဖျတ်လှုပ်ခါလို့


ဘာကိုမှမကြည့်ရဲတော့လို့
အကြည့်ကို အမှောင်ထုထဲရွှေ့လိုက်တယ်
အမှောင်ထုပါမရှိတော့ဘူး


မရေမရာတယ်လီဖုန်းသံဟာ
အသေအချာအသည်းခွဲတတ်ကြောင်း
အသည်းမကွဲတတ်သူတစ်ဦးနဲ့
သောက်တဲ့ကော်ဖီဟာ ပိုမိုခါးသက်လာတယ်


မနေ့ကအတိုင်းပဲ
ဒီကဗျာရေးဖြစ်တယ်
မိန်းမတစ်ယောက်ကိုထပ်ချစ်မိတယ်
ပြီးတော့ထပ်ရှုံးနိမ့်တယ်...။

မိုးလှိုင်ည

6 comments:

  1. သီချင်းရှိတယ်လေ ကိုမိုးလှိုင်ရဲ့..

    အချစ်ကြီးသူက ရှုံးတာပဲ... တဲ့

    ရှုံးတဲ့ကြားက ကဗျာတစ်ပုဒ် ထွက်လာတာ အမြတ်ပေါ့... ဟုတ်ဖူးလား...။

    ReplyDelete
  2. အရှုံးတွေဟာ အဆုံးမရှိဘူးတဲ့လား

    ဘာပဲဖြစ်ဖြစ် ...ပြုံးနေရင်တော့
    ရှုံးနေတဲ့ နှလုံးအိမ်တွေဟာ
    စိုပြေလာပါလိမ့်မယ် ...။

    ReplyDelete
  3. မချစ်ဘူးလို့ ဘယ်တော့မှကိုယ့်ကိုကိုယ်ကတိမပေးနဲ့ ...
    ချစ်ချင်ရင် ချစ်သာချစ် ... တချို့ဆို ဖီလင်ရအောင်တောင်မနည်းလုပ်ယူရတာ .. ကိုယ့်ခံစားချက်နဲ့ကိုယ် ကဗျာဖွဲ့ရတာလောက် ပျော်ဖို့ကောင်းတာမရှိဘူးကိုမိုးလှိုင်ညရဲ့ ....

    ReplyDelete
  4. အဲဒါမကောင်းဘူးဗျ ကိုမိုးလှိုင်ည ရ။ ဟုတ်တယ်မို့လား။

    ReplyDelete
  5. ထပ်ချစ် ထပ်ရှုံး၊ အနာတရတွေ ထပ်ပြီး လူက ဒဏ်ရာတွေ ဗေလပွနဲ့ မြင်မကောင်းအောင် ဖြစ်မနေရင်ပြီးရော... အချစ်ဆိုတာ ရှင်သန်ခြင်း... အရင်တယောက်ကို ရင်ထဲမှာ ထည့်ထားပြီး ဖြစ်ဖြစ်... နောက်တယောက်ထပ်ထည့်ပြီး ဘဲ ဖြစ်ဖြစ် ရှင်သန်အောင်တော့ လုပ်ရမှာဘဲ.. ဟုတ်ဘူးလား

    ReplyDelete
  6. ပထမကတော့ အချစ်..
    ဒုတိယကတော့ အနှစ်..
    ဘာပဲဖြစ်ဖြစ်.. နောက်ထပ်လာတော့လည်း ထပ်ချစ်မိကြ ထပ်ချစ်ကြတာပါပဲ အကိုရာ...
    .....ဒီ..လို .. ပါ.. ပဲ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...