Saturday, February 20, 2010

20 2 2010

စနေနေ့ နေသာတယ်

ဖုန်းဆက်တော့ ခရီးစဉ်ရွေ့ဆိုင်း

တူမလေး ၂၀တန်နှစ်ရွက်ထုတ်ပေးတယ်

လေးလေးသုံး

ဖို့မုန့်ဖိုးတဲ့

၁၁း ၂၀

ဖုန်းဆက်ညနေ ၅နာရီပြန်ချိန်း

Next Call

ဆက်သွယ်ရေးပြင်ပကိုရောက်နေ

ဆိုက်ကားစီးတော့ အမ်းစရာအကြွေမရှိ

၂၀၀ ဖိုးကွမ်းဝယ်

OA6 Mrpooh

မက်ဆေ့ခ်ျရိုက်တော့အောက်ဆင်းသွားပါတယ်

ပြန်ဖြေ

ခင်ဗျားဆီဖုန်းဆက်တော့အခုပဲထွက်သွားပြီတဲ့

ကျွန်တော် အဖိုးကြီးသွားကန်တော့မလို့

ဆိုင်ခဏ စောင့်ထားပေးပါဗျာ…. သရဲကပြော

ခင်ဗျားထိုင်တဲ့စက်က နက်ဝေါ့ပ်မမိဘူး

ပြန်ချိတ်..

၁၁း ၅၂

ဒီစာကြောင်းတွေချရေး

သူငယ်ချင်းတစ်ယောက်အကြောင်းတွေး

ဒီကောင်အဆင်မှပြေပါ့မလား…

20 2 2010

ခေါင်းစဉ်တပ်…

ငယ်ငယ်ကလို စာတစ်ပုဒ်ပြီးတိုင်း အောက်ခြေက မျဉ်းတားစရာမလို

ဘေးမျဉ်းတားစရာမလို ဘယ်လောက်လွတ်လပ်လည်း…

စာရွက်ပေါ်မှာလည်းမဟုတ်…

အမေက လက်ရေးမလှလို့ လက်ဆစ်ကို

ပေတံနဲ့ အသေအကြေခေါက်ခဲ့ဖူးတယ်…

ဠ အလုံးရေ ၁၀၀

လိမ္မော်သီးတစ်ခြမ်း..

၁၉၈၆ ဘက်ထရီမီးသီးလေးက လိမ္မော်သီးလိုလင်းလို့

သားအိပ်ငိုက်နေပြီ… အမေ…။


မိုးလှိုင်ည

2 comments:

  1. ကဗျာလေး က တနေတာဘဝအကြောင်း ပြောပြနေတာပေါ့နော်

    မှတ်သားလောက်ပါတယ်

    ဘာကြောင့်လဲတော့မသိဘူး ဝမ်းနည်းမိသလိုဘဲ

    ReplyDelete
  2. အကို..
    သိပ်တော့ နားမလည်ဘူး..
    ဒါပေမယ့် ဟိုတစ်ယောက်ပြောသလို ၀မ်းနည်းမိတယ်..

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...