သင်ရိုးမရှိတဲ့ဘ၀မှာ
မင်းက ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်တွေ
ထုတ်ထုတ်ရှိုးတယ် ကောင်မလေးရယ်
တစ်ကယ်တော့ ကိုယ်ကိုယ်မှမသင်ကြားမတတ်မြောက်တော့
ကိုယ်ပြင်ပအခြားအရာတွေကို
ငါတို့ ကြွားဝါပြီးနားလည်ခဲ့ကြတယ်…
ကြွယ်ဝမှုမရှိတဲ့ဘ၀ကို
မင်းက ဘယ်လောက်ချမ်းသာပြီလည်းမေးတယ်
ငါကတော့ ဒုက္ခသစ္စာကိုပဲယုံတယ်
သုခတစ်ခဏကိုတော့
ဘယ်လိုမှခံစားလို့မရဘူး…
ငါအတယ်…
သံသရာအလည်အရှုပ်
ငါအပါယ်လေးဘုံက သတ္တ၀ါမလုပ်ချင်ဘူးကောင်မလေးရေ…
အလှမရှိတဲ့ဘ၀မှာ
အလှပြင်ဆိုင်တွေကတော့ခပ်များများပဲ
ဆံပင်၊မွေးညှင်း ၊ခြေသည်း ၊လက်သည်း
ဘယ်အရာကမြဲမလည်း…
နောက်ဆုံးတော့
သူအို ၊သူနာ၊သူသေတွေနဲ့
ငါတို့ဟာ ကိုယ့်အသုဘ ကိုယ်
အလှပြင်ပေးလို့မှမရတာလား…
နောက်ဆုံးတော့
ဘ၀ဆိုတဲ့ နတ္ထိတရားကိုပဲ
ငါရင်ထဲမှာ ဥာဏ်ပညာနဲ့အလှမွေးထားတယ်…။
မိုးလှိုင်ည
Tuesday, February 23, 2010
နတ္ထိတရား
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
သင်ရိုးမရှိတဲ့ဘ၀မှာ
ReplyDeleteမင်းက ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်တွေ
ထုတ်ထုတ်ရှိုးတယ် ...
ကဗျာလေးကောင်းတယ် မိုးလှိုင်ရေ...
ထုတ်ထုတ်ရှိုးတတ်တာ ကောင်မလေးရဲ့ ဝါသနာထင်တယ်..
နားလည်ပေးလိုက်ပါ :P
ထုတ်ထုတ်ရှိုးတဲ့သဘောကတော့ စိတ်မပူပါနဲ့
ReplyDeleteကျမထမင်းစားလက်မှတ်ရှိပြီ ရှင့်ကိုရှာကျွေးမယ်
ရှင်ကျမအတွက်ကဗျာလေးတွေစပ်နေရင် ရပြီဆို၇င်ကော
ဘယ်လိုသဘောရပါလဲ...)p
နတ္ထိဘ၀ကို
ReplyDeleteပကတိ အပီငြိဖို့
စွယ်စုံထိတဲ့
မဒီကညာအမိ
တွေ့လာရင်ရော ကိုမိုးလှိုင်ညရယ်..
ခင်လို့နောက်တာနော်..