လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က
နင်ငါ့ အဲဒီမြို့ကလေးမှာ ဆုံကြတုန်းက
နှစ်ယောက်လုံးအဖြူထည်သက်သက်လေ
နင်က ရုပ်ရှင်နဲ့ဂီတကိုချစ်တယ်
ငါက လေပြေနဲ့ ပန်းချီကားတွေကိုမြတ်နိုးတယ်
အဲဒီတုန်းက
မြစ်ကမ်းဘေးက ခုံတန်းလေးမှာ
ငါတို့ညနေတွေ ကဗျာဆန်ခဲ့ကြတယ်..။
နောက်တော့
နင်ကလည်းပိုက်ဆံကိုအသည်းအသန်
ငါကလည်းအနုပညာကိုအရူးအမှုး
နှစ်ယောက်လုံးလွန်လွန်ကဲကဲပြင်းထန်ခဲ့တယ်
နှစ်နှစ်ဆယ် ကြာပြီးတဲ့နောက်
နင်က စီးကရက်ကြိုက်တဲ့ ဘီယာမူးတတ်တဲ့
ကောင်လေးတွေ တသီတတန်းကြီးနဲ့
နာမည်ကြီး စာရေးဆရာမ
ငါကလည်း အသားမည်းမည်း
ဗိုက်ရွှဲရွှဲနဲ့
ငွေကလွဲရင် ဘယ်နတ်ဘုရားမှ
ဆုံးမလို့မရတဲ့ ပြိတ္တာကြီးဖြစ်လိုဖြစ်...
ကမ္ဘာမြေပေါ်မှာတော့
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ငါတို့မြို့ကလေးကို
ပြန်ရှာလို့ မရနိုင်ခဲ့တော့ဘူး...။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
ကဗျာလေးက လွမ်းချင်စရာလေး....
ReplyDeleteအနှစ်နှစ်ဆယ်တဲ့...
အနှစ်နှစ်ဆယ်ဆိုတဲ့ ကာလက နဲတဲ့နှစ်မဟုတ်ဘူးနော်
မြို့တစ်မြို့တောင် ပျက်သွားနိုင်တယ်ဆိုတော့
တော်တော်ဆိုးပါတယ်...
ဒုတိယစာကြောင်းက နင်နဲ့ငါ လား?
ReplyDeleteကဗျာလေးကို ခံစားသွားပါတယ်..
ReplyDelete