လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က
နင်ငါ့ အဲဒီမြို့ကလေးမှာ ဆုံကြတုန်းက
နှစ်ယောက်လုံးအဖြူထည်သက်သက်လေ
နင်က ရုပ်ရှင်နဲ့ဂီတကိုချစ်တယ်
ငါက လေပြေနဲ့ ပန်းချီကားတွေကိုမြတ်နိုးတယ်
အဲဒီတုန်းက
မြစ်ကမ်းဘေးက ခုံတန်းလေးမှာ
ငါတို့ညနေတွေ ကဗျာဆန်ခဲ့ကြတယ်..။
နောက်တော့
နင်ကလည်းပိုက်ဆံကိုအသည်းအသန်
ငါကလည်းအနုပညာကိုအရူးအမှုး
နှစ်ယောက်လုံးလွန်လွန်ကဲကဲပြင်းထန်ခဲ့တယ်
နှစ်နှစ်ဆယ် ကြာပြီးတဲ့နောက်
နင်က စီးကရက်ကြိုက်တဲ့ ဘီယာမူးတတ်တဲ့
ကောင်လေးတွေ တသီတတန်းကြီးနဲ့
နာမည်ကြီး စာရေးဆရာမ
ငါကလည်း အသားမည်းမည်း
ဗိုက်ရွှဲရွှဲနဲ့
ငွေကလွဲရင် ဘယ်နတ်ဘုရားမှ
ဆုံးမလို့မရတဲ့ ပြိတ္တာကြီးဖြစ်လိုဖြစ်...
ကမ္ဘာမြေပေါ်မှာတော့
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ငါတို့မြို့ကလေးကို
ပြန်ရှာလို့ မရနိုင်ခဲ့တော့ဘူး...။
မိုးလှိုင်ည
ကဗျာလေးက လွမ်းချင်စရာလေး....
ReplyDeleteအနှစ်နှစ်ဆယ်တဲ့...
အနှစ်နှစ်ဆယ်ဆိုတဲ့ ကာလက နဲတဲ့နှစ်မဟုတ်ဘူးနော်
မြို့တစ်မြို့တောင် ပျက်သွားနိုင်တယ်ဆိုတော့
တော်တော်ဆိုးပါတယ်...
ဒုတိယစာကြောင်းက နင်နဲ့ငါ လား?
ReplyDeleteကဗျာလေးကို ခံစားသွားပါတယ်..
ReplyDelete