Tuesday, August 14, 2007

ကျမ်းစာ

လရောင်ဟာ
ပိုက်ကွန်နဲ့ငြိနေသလိုမျိုး
အခုတော့တစ်လောကလုံး
အမှောင်ကကြီးစိုးနေပေါ့

နံရံလေးဖက်ကြားက
ဝိုးတ၀ါးနဲ့ ကိုယ့်အရိပ်ကိုယ်ပြန်ဖမ်းမိခဲ့

ငါ…ကိုအတ္တနဲ့ချည်နှောင်ထားမိရင်
ဘယ်တော့မှမလွတ်မြောက်နိုင်တဲ့
သယံဇာတတွေ
နက်ရှိုင်းလွှာအောက်မှာနစ်မြုပ်နေခဲ့

နားစွင့်ထားလိုက်ပါ
ဘယ်အရပ်ကဖြစ်ဖြစ်
ခွပ်ဒေါင်းတွန်သံကြားရပြီဆို
မနက်ဖြန်နေခြည်သစ်ဟာ
အရှေ့အရပ်ကနေခွပ်ဒေါင်းတွေနဲ့အတူ
ငါတို့ဆီပျံသန်းလာမယ်

နွေးထွေးတဲ့မနက်ခင်းသစ်မှာ
ရှင်သန်ခြင်းလည်းအသစ်ဖြစ်မယ်…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...