Wednesday, August 15, 2007
ခပ်ညံ့ညံ့မိုးလှိုင်ည
ကျောင်းတုန်းကလည်း
လေကျင့်ခန်းစာအုပ်မှာ
မှင်နီတွေအများကြီးခြစ်ခံရတဲ့ကောင်
ဘ၀ထဲရောက်တော့လည်း
ငွေရှာတဲ့ဘာသာရပ်ကို
မကြေညက်လို့လူလူသူသူမဖြစ်ခဲ့ဖူးဘူး
လက်ကိုင်ဖုန်းနဲ့စတီယာတိုင်မကိုင်နိုင်လို့
ဖေဖော်ဝါရီက
ယောကျာင်္းကောင်းမပီသဘူးလို့
အဝေဖန်ခံခဲ့ရတဲ့ကောင်….
ကံကြမ္မာအမှောင်ထုတွေ
ဘယ်လောက်ပဲဖုံးအုပ်နေပါစေ
သူ့အနုပညာနဲ့
သူ့ကိုယ်သူတောက်ပနေတယ်လို့
အထင်အမြင်လွဲမှားနေတဲ့ကောင်…
မေမေရယ်
အဲဒီမလည်မ၀ယ်ခွေးအတစ်ကောင်ပေါ့
မေမေမေတ္တာ့တရားရဲ့
လက်လွက်ကမ်းပါးပေါ်မှာ
သူ့ယုံကြည်ချက်ကျောက်ဆောင်တွေ
သဲသောင်ဖြစ်ခဲ့တာမသိသေးဘူး
လူတွေမျက်နှာပေါ်ကအပြုံးတွေကို
သေသေချာချာနားမလည်ပဲ
လူ့အဖွဲ့အစည်းကိုချစ်တယ်လို့
ကယောင်ကတမ်းထအော်တတ်သေးတယ်
အခုတော့
ခွေးအတစ်ကာင်ရဲ့အိပ်မက်မှာ
အထီးကျန်ဆောင်းညတွေသာ
ရှည်လျားအေးစက်ခဲ့တော့
အိမ်ငွေနွေးနွေးအိပ်ယာလေးကိုတပ်မက်
လူ့ဘ၀ကိုရောက်ခဲ့ပြီးမှ
လူအဖြစ်ကိုမရခဲ့လေခြင်းလို့
ခပ်ညံ့ညံ့မိုးလှိုင်ညက
နောက်ကျမှသိလိုက်ရတယ်အမေ….။
မိုးလှိုင်ည
3 comments:
  1. “ကံကြမ္မာဆိုတာက ချိုတလှည့် ခါးတလှည့်၊
    အခုလဲ ဒီလိုပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက်၊
    လဲကျတဲ့အခိုက် ကွဲအက်တဲ့ မင်းနှလုံးသား
    အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့၊
    ရှေ့ဆက်ရမယ့် မင်းရဲ့ဘ၀သစ်အတွက် ဖြေသိမ့်လိုက်။
    သူငယ်ချင်း..ရှေ့ဆက် မင်းဘ၀ဟာ အမြဲချိုမြိန်ပါစေ။ အောင်မြင်ပါစေ။ တစ်ခါတရံမှာ ခါးသီးလဲ ကျော်ဖြတ်လိုက်ပေါ့လေ။ ဟိုအရင်အချိန်က
    ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော၊ ပင်လယ်ထိစီးပါစေ၊ အားတင်းကာလျှောက်လေ”
    ReplyDelete
  2. မိုးလှိုင်ညရေ.. ကံကြမ္မာဆိုတာ တက်လိုက် ကျလိုက်ဖြစ်နေတဲ့ ပင်လယ်ကြီးလိုပဲ ။ လှေမမှောက်ဖို့သာ အဓိကပါ ။
    ဒီကဗျာအရေးအသားလေးကို ကြိုက်တယ် ။
    ReplyDelete
  3. ဒီကဗျာလေးကို ခံစားရတယ် ကိုမိုးလှိုင်ည .. ။ ကံတရားဆိုတာ မြင့်တလှည့် နိမ့်တလှည့်ပါပဲ .. ။ ဒီကဗျာထဲက ခံစားမှုမျိုး ကျွန်မလဲ မကြာခဏ ခံစားဖူးပါတယ် .. ။ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ဘ၀ဆိုတဲ့ ဇတ်ခုံပေါ်မှာ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ကပြရင်း လူ့ဘ၀ဆိုတာ ဖြစ်သွားစမြဲပါပဲလေ .. ။
    ReplyDelete
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...