Saturday, August 25, 2007

နတ်မကြိုက်တဲ့ပါးစပ်

သူတို့တွေပေါ့
ဝေသာလီနဲ့အေသင်ပျက်တော့
စပါးတားနဲ့အဇာတသတ်ကို
ရှီခိုးနေကြတာ
သူတို့ဘာမှမသိဘူး
ကြောက်ရွံ့ခြင်းကိုအမှန်တရားလို့ထင်တယ်
ဆွဲကိုင်ထားတဲ့ အတ္တနဲ့
လောင်မြိုက်လို့နေမှန်းလည်းမသိ
အလုပ်လက်မဲ့ လူလိမ်ကို
ဓါတ်လေးပါးနိုင်တဲ့ဆရာသမားဆိုပြီး
နဖူးနဲ့ကြမ်းပြင်ဦးတိုက်
မသေဆေးလေးရမလားလို့
မျော်တော်မော်ဖူးသေးတယ်
ကိုယ့်ကိုရူးမှန်းမသိမူးမှန်းမသိ
ဟစ်တလာကိုနတ်ဘုရားလို့ထင်လိုထင်
ငရဲစံနေတာတောင် ဘုရားပွင့်တာနဲ့
အမြိုက်တရားကလည်းနာယူလိုက်ချင်သေးတယ်
ကိုယ်ကိုကိုယ့်ဘာမှန်းမသိဘဲ
လူတကာကိုအုပ်ချုပ်မယ်တယ့်
အရူးတွေဘုံမြောက်နေလို့
နတ်မကြိုက်တဲ့ကျွန်တော့်ပါးစပ်ကိုပဲ
ခဏခဏဆွဲစေ့နေရတော့တယ်…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...