" အရက်ဘယ်လောက်သောက်သောက်
အချစ်လောက်တော့မမူးဘူး"
အခုငါဒီမှာအရူးအမူးပဲ
ဘယ်လိုကိုင်တွယ်ထိန်းသိမ်းရမလဲ
တနင်္ဂနွေမှာလွင့်ပျံနေတဲ့ငါ့အလွမ်းစိတ်တွေကို
ဘ၀ကကျရှုံးလိုက်
မျော်လင့်ချက်တွေပျက်သုဉ်းလိုက်နဲ့
ဒိုင်ယာရီထဲမှာအနာတရတွေပဲချရေးနေရအောင်
ငါဟာအင်အားမဲ့တဲ့သတ္တ၀ါတစ်ကောင်ပဲ
ဖြူစင်စွာပေးဆပ်ချင်ခဲ့လည်း
မေတ္တာတရားဟာ
လူတွေအားလုံးအတွက်မလိုအပ်ပါဘူး
ကဲအခု…ဘယ်လိုလုပ်ရမလဲဖေဖော်ဝါရီ
အဆက်သွယ်မရတဲ့ချစ်ခြင်းတရားဆီ
ဖုန်းအကြိမ်ကြိမ်ဆက်ခေါ်မိတဲ့အဖြစ်
ဒီအတိုင်းဆို…ငါ
ဆက်လက်ရူးသွပ်သွားဖို့ပဲရှိတော့တယ်….။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
No comments:
Post a Comment