Thursday, August 9, 2007

ညနေခင်းသတင်း

ပင်မလာအင်ဒါဆင်ရဲ့ ရင်သားတစ်စုံကြောင့်
အထက်တန်းစား ကမ္ဘာကြီးပိုမို ပူနွေးလာပုံရတယ်
ဟစ်တလာကို ဇာတ်လိုက်ထင်တဲ့ငနဲကထင်တယ်
မှန်ကွဲစတွေက ရင်ဖွင့်ပြလိုက်တော့
သူရဲကောင်းတို့ခေတ်ဆိုတာ
ကမ္ဘာပေါ် မိုးကြီးအပြင်းအထန် ရွာသွန်းနေတဲ့ခေတ်ကလား
ငါတို့ ရိုးတွင်းခြင်ဆီတွေဟာ
ပူဆွေးမှုတစ်ဝက် သတ္ကိတစ်ဝက်နဲ့
မိုးကြိုးထိမှန်ထားတဲ့ အောင်ပွဲရနှလုံးသားတွေကို
စူပါမတ်ကက်ကြီးတွေရှေ့ ရောက်တဲ့အထိ
ထမ်းထုတ်လာကြတယ်။
ယမမင်းရဲ့ ရက်(စ်)တောရန့်တွေထဲမှာ
ငါတို့ဟာ ကဗျာအစိုဓာတ်နဲ့ နိုးကြားနေကြတယ်။
ခွင့်လွှတ်တတ်တဲ့ လက်နဲ့ ဓားကိုင်ထားသူ
အို အမှန်တရား
အလုပ်လက်မဲ့စက်ရုံတွေက
ဘာတွေထုတ်လုပ်လိုက်ပါသလဲ
သေနေတဲ့မျက်ဝန်းတွေ
ကတုန်ကယင်လက်တွေ
ဘိန်းစားတစ်ယောက်ရဲ့သမ်းဝေမှုမျိုး
ဒါတွေပဲ ဖြစ်မှာပေါ့။
(၂၁)ရာစုကိုနမ်းကြတော့မယ့် အလေအလွင့်တွေဟာ
သိပ္ပံပညာရဲ့ခွေးသွားစိတ်တွေကြားမှာ ကပ်ပါရင်း
မျိုးဆက်သစ်ကမ်းရိုးတမ်းတွေဆီ ဆိုက်ကပ်လာကြပြီ။
အစာအိမ်ဟောင်းလောင်း ကောက်ရိုးတွေကတော့
ကမ္ဘာ့ပတ်ဝန်းကျင်ကျင်ထိန်းသိမ်းရေးနေ့ကို
အူတွေအခွေလိုက်ဆွဲထုတ်ပြီး ကျင်းပခဲ့လေတယ်။
ငါတို့ အရုဏ်ဦးဟာ ငါးသေတ္ကာဘူးထဲမှာ ရှိလား
အချစ်ရေ
ငါတို့ရဲ့အရုဏ်ဦးဟာ ငါတို့မစားရသေးတဲ့
ရက်လွန်ငါးသေတ္ကာဘူးထဲမှာ။ ။
မိုဃ်းဇော်

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...