Sunday, August 26, 2007

ဖန်မီးအိမ်၏ အတ္ထုပတ္တိ

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ…တဲ့
သူတောင်းဆိုခဲ့ဖူးတယ်။

ခုခါတော့ကို
ဆေးလိပ်တိုရ်ျ
နေညိုချိန်မှာ
ကိုယ့်အိမ်ကိုယ့်ယာ
ပြန်လိုပါသည့်
ကဗျာစာဆို
အဘိုးအိုသည်
အိမ်ကိုမပြန်နိုင်တော့ပြီ။

သူရှိစဉ်က
ဧ။်လောက၀ယ်
ရောင်စဉ်သွယ်ညီး
ဖန်အိမ်မီးနှင့်
ခရီးလမ်းပြခဲ့ဖူးသည်။

ဖန်မီးအိမ်ကလေး
ပုလုကွေးနှင့်
ပန်းဈေးခင်းလည်း
ကျင်းခဲ့သည်။

လှေတစ်စင်းနှင့်
သီချင်းသည်ကလေး
လမင်းဘေးမှာ
ကြယ်လေးတွေနှင့် ပျော်ဖူးသည်။

နှင်းဆီပွင့်ပေါ်
သူအိပ်ပျော်ရ်ျ
မျှော်လင့်ချက်နှင့်
အိပ်မက်မက်ကာ
ကဗျာစောင်းကလေးတီးခဲ့သည်။

သံသာငြိမ့်ညောင်း
ပုဂံကျောင်းမှ
ခေါင်းလောင်းထိုးကာ
ငါတို့ရွာကို
ကဗျာဒါနပြုခဲ့သည်။

စိမ်းညို့သာမော
ကံ့ကော်တောမှာ
အမောဖြေကာ
နေနားကာဖြင့်
အိပ်မက်ရွာကလေးတည်ခဲ့သည်။

ကန္တရနှစ်
သစ်ရွက်ရှိုက်ငင်
နွေဦးဝင်စ၊ အခါကလည်း
သူ့အသည်းလွှာ၊ အေးငြိမ်းစွာဖြင့်
ကဗျာတရားမြဲခဲ့သည်။

သြော်…ကြည့်စမ်းတော့ကွယ်
ဖန်မီးအိမ်ငယ်
အလင်းသည်သည်၊ ဘယ်လေတိုက်တိုက်
ခေါင်းမငိုက်ခဲ့
မှောင်မိုက်ကိုခွဲ၊ အလင်းကြဲပက်
အရုဏ်တက်ကို၊ စောင့်လျက်ကြိုကာ
ဆီခွက်မီးစာကုန်လေပြီ။

ငါ ယုံယုံကြည်ကြည်
အရုဏ်ကြိုလျက်၊ လမ်းတ၀က်မှာ
ဆီခွက်မီးစာ၊ ငြိမ်းရရှာလည်း
တို့ရွာထဲတွင်၊ မီးအိမ်ရှင်၏
ရောင်စဉ်ထိန်ညီး၊ ဖန်အိမ်မီးသည်
ခရီးဆက်လျှောက်၊ ပန်းတွေကောက်ဖို့
ဝင်းလက်တောက်ပနေလိမ့်မည်။

တက္ကသိုလ်မင်းခန့်

( ကဗျာဆရာကြီး တင်မိုး…သို့ )

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...