Pages

Tuesday, August 7, 2007

မွေးနေ့

အမှတ်တရရှိနေကြပါ
သေခြင်းတရားဆီသွားနေတဲ့ခရီး
အခုမိုင်တိုင်အမှတ်-၂၅
အောင်မြင်နာကျင်စွာဖြတ်သန်းပြီးစီး
သွားခဲ့ပေါ့...
မှားစရာရှိတော့မှားခဲ့တယ်
သွားစရာရှိတော့သွားခဲ့တယ်
အခုတော့
လမ်းခုလတ်မှာပဲ
ကိုယ့်ဒဏ်ရာတွေကို
ကိုယ့်ကိုယ်ကိုသရုပ်ပြတင်ဆက်ရင်း
လူ့ဘ၀ကိုမပျင်းရအောင်
လောကဓံရှစ်ပါးကို
ရာသီလိုက်မှီဝဲရင်း
မေမေရယ်
ကျွန်တော်ဆိုးသွမ်းနေဆဲဆိုရင်တောင်
မလွတ်ကျွတ်သေးတဲ့တေးသွားတစ်စနဲ့
မေမေ့ကိုတိုင်တည်ရွတ်ဆိုခဲ့ပါတယ်
မွေးနေ့တဲ့
မေမေပေးခဲ့တဲ့ရှင်သန်နေမှုပါပဲ...

မိုးလှိုင်ည

moehlaingnya