Wednesday, August 29, 2007

ကွယ်လွန်သူမိုးလှိုင်ည

ကြေးစည်ကိုထုကြပြီ

ရေအိုးကိုခွဲကြပြီ

စည်ပင်ဝန်ထမ်းက

စန့်စန့်ကြီးသန့်သန့်ကြီးငါ့အလောင်းကို

လက်တွန်းလှည်းပေါ်တင်ဆွဲတော့

မျက်ရည်စစတွေနဲ့ ငါအနည်းအကျဉ်းကောင်းခဲ့တာလေးကို

ဝတ်ကျေတန်းကျေပြောကြဦးမယ်

လေးယောက်ဝင်ကြည့်လို့ရမယ်

လောင်မီးတိုက်တာဝန်ရှိသူကပြောတော့

သူဝင်ငါဝင်နဲ့

သိဟောင်းကျွမ်းဟောင်းနှစ်ယောက်ရယ်

မိန်းမဘက်ကဦးလေးရယ်

စာမူခတွေပေးပြီးစာမူမရလိုက်လို့

စိတ်ထဲကကျိန်ဆဲနေတဲ့ထုတ်ဝေသူတစ်ယောက်ရယ်

သုံးမိနစ်အတွင်းလူတစ်ကိုယ်လုံးပြာကျစေမယ့်

နိုက်ထရိုဂျင်မီးတောက်ထဲ

နှလုံးသားတည့်တည့်ကိုသံချွှန်နဲ့ထိုးမကော်ထည့်တော့

ဟိုလေးယောက်က ဘယ်တော့မှမရတဲ့

သံဝေဂစကာလုံးတွေရေရွတ်ကြမယ်

အဲဒီလိုသရုပ်မှန်ဇာတ်ကွက်အတိုင်းလိုက်သေရမှာ

ပျင်းရိလွန်းလို့

ပိုင်ရှင်မဲ့အလောင်းကောင်(ကဗျာဆရာဖြစ်ကောင်းဖြစ်နိုင်သည်)

သေစာရင်းအရာရှိရဲ့မှတ်ချက်

ငါ့ဝိညာဉ်မှာကပ်ပေးလိုက်ရင်တော်ပြီ....။

မိုးလှိုင်ည

7 comments:

  1. ဟိုက်ရှားပါး... ကြိုက်တယ် ။ သို့သော် ကိုယ့်နာမည်ကိုယ် ထည့်ရေးတာကတော့.. အင်း.. ယတြာခြေတာလားဟင်း)

    ReplyDelete
  2. သင်္ခါရတရားပါပဲ မိုးလှိုင်
    ကဗျာဆရာသေတော့
    ကဗျာတွေ အထီးကျန်နေမှာပေါ့
    ကဗျာဆရာသေတော့
    ကဗျာတွေ ငိုနေမှာပေါ့
    ကဗျာဆရာသေတော့
    ကဗျာတွေ ဘယ်အသက်ဝင်တော့မလဲ

    ဟိုအောက်က ကဗျာတွေလည်း မိုက်တယ်..
    အခန့်သင့်ရင် ယူသုံးအုန်းမယ်နော်. :)

    ReplyDelete
  3. ကဲကဲ ယတြာ ကြေပါပြီ

    ReplyDelete
  4. ကိုမိုးလှိုင်ည တစ်ကယ်ကွယ်လွန်သွားသလို
    ခံစားရတယ်ဗျာ။း(

    ReplyDelete
  5. မလုပ်ပါနဲ့ ဖတ်ရင်း ကျောချမ်းလာတယ်..
    တကယ်ဆို အရောက်လာခဲ့ပါ့မယ်...

    ReplyDelete
  6. ဦးလေးကဗျာတွေကသိပ်မြင့်လွန်းတယ်၊လိုက်မမှီဘူး၊ကိုယ်တိုင်ခံစားပြီးေ၇းထားတာတမျိုးပဲ၊ဆက်ကြိုးစားပါ၊အားပေးနေတယ်

    ReplyDelete
  7. သေမင်းရဲ့ အနမ်းတရှိုက်ပါပဲ.. မက်မက်ဆက်ဆက် ခံယူလိုက်ပါဗျာ..။ :)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...