သခင်
နေဧ။်အလင်းတို့ဆွတ်ဖြန်းပြသ
ပန်းအလှတို့သည်လည်းကောင်း
အရောင်တွေခြယ်လှယ်
ပန်းချီပညာသည်တို့ဧ။်
အလှတရားမျိုးစုံအဖုံဖုံတို့သည်လည်းကောင်း
အကျွန်ုပ်နှလုံးသားကိုမထိပါးခဲ့ပါ…။
သခင်
မြတ်နိုးမှုကို အကျွန်ုပ်ရိုကျိုးခဲ့ရစဉ်တော့
သခင့်ဆံနွယ်စတွေက
လေပြည်ထဲမှာခုနှစ်ထွေကလို့
အဲဒီညမှာပဲ
နတ်မြင်းပျံတွေကတဲ့ရထားနဲ့
လနတ်သမီးက
အကျွန်ုပ်အိပ်မက်များအပေါ်
ဖြတ်သန်းသွားခဲ့တယ်…။
သခင့်
အလှဧ။်ဆွဲဆောင်မှုက
ခုနှစ်ပြည်ထောင်မင်းတို့ဧ။်
ဓားချင်းခတ်သံလား…
အကျွန်ုရင်ထဲမှာတော့
သိုးတစ်အုပ်ဖြတ်သန်းသွားသော
စမ်းချောင်းပမာ
သခင်ရယ်
အကျွန်ုပ် ဘယ်လိုများနေရရှာမလဲ…
သခင်
မာယာဆိုတာအရည်ဖြစ်ဖြစ်
အငွေ့ဖြစ်ဖြစ်အဆိပ်ဖြစ်တတ်သည်ဆိုရင်
အကျွန်ုပ်ဧ။် အသိတရားကို
အကျွန်ုပ် နှလုံးသားမှ
ခံစားချက်မာယာများနဲ့လှည့်စားသည်ကို
ခွင့်ပြုလိုက်ရမလား….သခင်။
သခင်
မြတ်နိုးတွယ်ငင်ချစ်ကြင်မိသည့်အကျွန်ုပ်အား
အပြစ်တော်မြင်ရ်ျမနှစ်သက်လေလျှင်လည်း
လက်သုံးတော်ဓားနဲ့
အကျွန်ုပ် နှလုံးသားအားထိုးနှက်ရ်ျ
သွေးတို့ကို သခင့်ဥယျာဉ်ထဲမှာဖြန်းပက်ထားပါ…
မနက်ဖြန်မနက်နေအထွက်မှာတော့
အကျွန်ုပ်က သခင့်အတွက်
ပန်းအဖြစ်နဲ့ပွင့်ပါဦးမည်…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
i love the word " Thakhin " ! it's another best poem from you.
ReplyDeletei like
ReplyDelete