Thursday, August 2, 2007

ကဗျာကိုဘာသာစကားဖွဲဆိုလို့မရတဲ့အခါ

ကင်းဘတ်စပေါ်အရောင်တွေပက်ချလိုက်ဖို့က
ထုတွေထည်တွေမျဉ်းတွေ
ငါဘယ်လို့မှနားမလည်နိုင်တဲ့
ကာလာသီဝရီတွေ...
ခံစားချက်ကိုလမ်းဆုံလမ်းခွတွေမှာ
ပေါက်ကွဲအော်ဟစ်ဖို့
ဒါဒါတွေလောက်လည်းငါမရဲရင့်ဘူး

မြင်မြင်သမျှအတုအယောင်တွေကြား
ငါ့ကိုအနှစ်သာရတစ်ခု
အစစ်အမှန်တစ်ခုလောက်ပြောပြစမ်းပါ
ဖေဖော်ဝါရီ
မင်းရင်ထဲကအမှန်တရားတစ်ခု
မင်းနှုတ်ခမ်းကဖွင့်အန်ဖို့ခက်ခဲနေလား
အကျိုးအမြတ်အတွက်
မင်းတို့ကမချစ်ပဲလည်းအတူနေလို့ရတယ်
အဆင်မပြေရင်လမ်းခွဲဖို့လည်းဝန်မလေးဘူး

မင်းတို့အားလုံးက
ဘုရားသခင်ဖန်ဆင်းထားတဲ့
ချစ်ခြင်းမေတ္တာကိုမကိုးကွယ်ပဲ
မင်းတို့ဖန်ဆင်းထားတဲ့ငွေကြေးကို
ကိုးကွယ်တယ်
မင်းတို့အားလုံးဘာသာမဲ့တွေချည်းပဲ

ပြီးဆုံးတော့ငါကပဲအားလုံးကို
ခွင့်လွှတ်ပေးရမလား
ရိုးသားဖြူစင်မှုတွေနိဂုံးချုပ်အဆုံးသတ်သွားတဲ့အခါ
စကားလုံးတွေကခံစားချက်ကို
အပြည့်အ၀မဖော်ပြနိုင်တဲ့အခါ
ငါ ကဗျာကိုဘာသာစကားနဲ့မဖွဲ့ဆိုချင်တော့ဘူး..။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...