လမ်းတွေဟာ
ဘ၀ကိုမတန်တဆတောင်းဆိုနေတယ်…
ခြေထောက်နဲ့ဖိနပ်မမြဲနိုင်တဲ့အရပ်မှာ
ကိုယ့်အောက်ကမြေကြီးကိုတောင်
အားနာနာနဲ့ငုံကြည့်မိ…
ဒီမြေပေါ်မှာပဲ
အမှန်တရားရဲ့ညီနောင်သားချင်းတွေရဲ့
သွေးစက်တွေအထပ်ထပ်
ရက်စက်မှုအဆုံးစွန်မှာယုတ်မာမှုတွေကမ်းမကပ်သေးဘူး
မုန်းတယ်….
အာဏာရှင်စစ်ရူးတွေကို…
ရပ်ပြစ်ရှစ်ပါးထဲမှာထိပ်ဆုံးကမြန်မာပြည်
အခုအသွေးသားတွေကိုတောင်းဆိုနေပြန်ပြီ
လမ်းပ်ါမှာက အင်္ကျီဖြူလေးတွေ
တန်းစီထွက်လာခဲ့ပြီ…
အမှန်တရားစီအရောက်ချီမယ့်
ဖိနပ်ပါးလေးတွေက
သူတို့ရဲ့ခြေဖ၀ါးနုနုလေးတွေနဲ့
ငရဲမီးလျှံကိုနင်းခြေဖို့ကြိုးစားနေကြပြန်ပြီ
အရေးတော်ပုံအောင်ရမည်တဲ့…..။
မိုးလှိုင်ည
(ရာစုသစ်မှာဒီမိုကရေစီအတွက်ထပ်မံပေးဆပ်သူများသို့)
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
ကဗျာဆိုတာ အားမာန်တစ်ခုပါပဲ။ ကျေးဇူးပါပဲ ကိုမိုးလှိုင်ည။
ReplyDeleteကျွန်တော်လည်း ရေးထားသေးတယ်ခင်ဗျ။ လာဖတ်ကြည့်ပါဦးလား။
ReplyDeleteမိုးလှိုင်ည..
ReplyDeleteကျေးဇူးတင်လိုက်တာ..
အဲဒီကဗျာလေး အမ ဘလော့မှာ တင်ချင်ပါတယ်..
ရမလား...။