Sunday, August 12, 2007

ဆုံမှတ်အလွဲ

ခွဲခွာဖို့ပဲလား….
ဆန့်ကျင်ဘက်ကျောခိုင်းသွားရင်တောင်
ကမ္ဘာကြီးလုံးဝန်းကြောင်းယုံကြည်တဲ့ငါ့အတွက်
မျက်နှာချင်းဆိုင်ပြန်တွေ့နိုင်သေးတာပဲ…
ဖြူစင်လွန်းတဲ့အကြင်နာတွေနဲ့
စိုက်ပျိုးခဲ့တာတောင်
ရိတ်သိမ်းချိန်ကျတော့မှ
အမြဲတမ်းအတွက်သူငယ်ချင်းဆိုတော့
ကောင်မလေးရေ
အဲဒီမျဉ်းပြိုင်ကွာဝေးမှုထဲ
ဟိုး အဝေးက…
အင်ဖင်နတီဆိုတာကို မျှော်ငေးမကြည့်ချင်တော့
ဆုံမှတ်အလွဲထဲက ခွဲဖြာထွက်လာတဲ့
ငါတို့ရဲ့ဝေးကွာမှုကို
သံယောဇဉ်ကြိုးတွေနဲ့သာ ချည်နှောင်ထားရစ်ပေါ့
သက္ကရာဇ်တွေဟာ
အလွမ်းချည်းသက်သက်ဖြစ်ခဲ့ပြီ…။

မိုးလှိုင်ည

2 comments:

  1. သက္ကရာဇ်တွေဟာ
    အလွမ်းချည်းသက်သက်ဖြစ်ခဲ့ပြီ…။ <<< ဒီစာကြောင်းလေးကို အထိဆုံးပဲ.. nice poem.. =)

    ReplyDelete
  2. ဟယ်.. ကြိုက်တယ် ။

    ဘယ်က ကောင်မလေးလဲလို့ မမေးတော့ဘူးနော် အဟဲ ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...