Friday, May 8, 2009

nYi mA လေး

"လဲသေလိုက်ပါလားတဲ့"
ညီမလေးက စကားမဆုံးခင်
ကိုယ်က ဆယ်ဘ၀ပြောင်းပေးချင်သူပါ...
စင်္ကြာဝဠာထဲက ကြာသပတေးနေ့ကိုမပေးနဲ့
သနပ်ခါးပါးကွက်ကြားလေးကိုပဲ
အမြဲငေးနေချင်တာ
အစိမ်းရောင်မျက်စောင်းလေးကို
ဂန္တ၀င်ညနေစောင်းလေးနဲ့
ထုပ်ပိုးထားလိုက်ပြီ...
နှလုံးသား ပြခန်းမှာ
ညီမလေးရဲ့
တစ်ကိုယ်တော်ပြပွဲ
သံသရာရဲ့ အလျားအနံအတိုင်းကြီးကျယ်လို့...။

မိုးလှိုင်ည

5 comments:

  1. ညီမလေးရဲ့
    တစ်ကိုယ်တော်ပြပွဲ
    သံသရာရဲ့ အလျားအနံအတိုင်းကြီးကျယ်လို့...။

    တကယ်လှတဲ့  အလင်္ကာ...

    ReplyDelete
  2. မိုက်တယ်..
    ညီမလေးတော့ ကြွေသွားမှာပဲ .. ဟုတ်တယ်ဟုတ်..

    ReplyDelete
  3. ကြာသပတေးနေ့ကို မလိုချင်တဲ့ဘူးလား
    (ကို)
    (www.ko.iblogger.org)

    ReplyDelete
  4. ဟာ...

    ကြာသပတေးနေ့ရဲ့ တီတီတာတာတွေကို..
    ခေါ်မလာခဲ့နဲ့လို့ ကဗျာတစ်ပုဒ်ရေးဘူး..သဟ

    ReplyDelete
  5. ကြာသပတေးကို မလိုချင်ရင်
    စနေဆီ လာခဲ့... :D

    ညီမလေးက စိမ်းရင်
    အစ်မကြီးဆီ လာခဲ့.. ဟား..ဟား...

    ကဗျာက လှလှလေး....
    ညီမလေးလိုပဲ နေမယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...