Saturday, May 9, 2009

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။


မိုးလှိုင်ည
(သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် သြဂုတ်လ)

5 comments:

  1. မိုးလှိုင်ညရေ..

    တစ်ပိုဒ်ချင်း...
    တစ်ကြောင်းချင်း...

    နင့်နင့်နည်းနည်း.....ပေါ့

    ကဗျာဆရာကိုမှမွေးထုတ်ခဲ့တဲ့အမေတွေရဲ့နှလုံးအိမ်ဟာ...
    သူများတွေထက်..
    သိပ်သည်းကျစ်လစ်ပြီး...
    နူးညံ့နွေးထွေးကြပါတယ်.

    ReplyDelete
  2. ကျွန်တော်ပထမဆုံး ရောက်ဖြစ်ခဲ့တာပါ .. ကဗျာလေးတွေ တော်တော်နှစ်သက်မိခဲ့ပါတယ် .. အားပေးပါတယ်ဗျာ .. ခုလို ပညာရှင်တွေ အများကြီး တွေ့ချင်မိပါသေးတယ်

    ReplyDelete
  3. အမေ ကဗျာတွေကိုခံစားသွားပါတယ်။

    ReplyDelete
  4. မန့်ချင်လိုက်တာမှ လက်ကိုယားနေတာပဲဆရာရေ..
    ရင်ထဲ သိမ်သိမ်မွေ့မွေ့လေးဖြတ်စီးသွားတယ်၊

    ReplyDelete
  5. ကဗျာလေး လာပြီးခံစားသွားပါတယ် ၊၊ အမေချစ်သော သားတိုင်း ရွှင်လန်းလို. ဘ၀ခရီးမှာ လိုရာသို. လွယ်ကူ စွာ ခရီးဆက်နိုင်ကြပါစေလို. ဆုတောင်းပါတယ် ...

    ReplyDelete

ဩဂုတ်တစ္ဆေနှင့် စိတ္တဇမိုး

မိုးက အုံ့မှိုင်းသိပ်သည်းပြီး ပြင်းပြင်းထန်ထန် တရစပ်ရွာချနေတယ်။ ကားမှန် ဝိုက်ဘာကို အမြန်ဆုံးခလုတ် တင်ထားပြီး ရှေ့မီးကြီးထိုးကာ အိမ်စီးကားတ...