Thursday, August 7, 2008
၂၆
လောကဓံရှစ်ပါးနဲ့
လင်လိုမယားလို… ၂၆
နာကျင်မှောင်မိုက်တဲ့
ဘ၀သင်ခန်းစာတွေနဲ့…၂၆
ဆန်ဖရန်စစ္စကို ကိုမရောက်ဖူးသေးတဲ့…၂၆
ယိုင်နဲ့နေတဲ့ အိမ်ကလေးတစ်လုံးမှာ
ခိုင်မာမြဲမြံနေတဲ့အိပ်မက်တွေနဲ့…၂၆
အပြောအဆိုအနေအထိုင်မတတ်လို့
နေရင်းထိုင်ရင်းမြင်ပြင်းကပ်ခံရတဲ့….၂၆
ကဗျာစာအုပ်လေးလက်မှာကိုင်
ဂျင်းဘောင်းဘီတစ်ပါတ်နွမ်းလေးနဲ့
ပလက်ဖောင်းကဖေးတွေမှာစတည်းချခဲ့တဲ့…၂၆
လူပေါင်းစုံနဲ့ပေါင်းပြီး
အကုန်လုံးပေါ်နားလည်တတ်ခဲ့ပေမယ့်
ကိုယ့်ကိုယ်ပြန်နားမလည်နိုင်လို့
တစ်ယောက်တည်းသင်းကွဲနေခဲ့ရတဲ့… ၂၆
အမြဲတမ်းနောက်ဆုံးထိုင်ခုံမှာ
ထိုင်နေတတ်တဲ့
ကျောင်းသားဆိုးလေးပါ
ဘာကိုမှ မရိုးမသားမလုပ်ခဲ့ဖူးဘူး…
ကျရှုံးနေကြစာမေးပွဲတွေကိုလည်း
မကျေမနပ်မဖြစ်ခဲ့ဖူးဘူး…
ဒီလိုပါပဲ
မအောင်မြင်ခဲ့တဲ့ ၂၆ ကိုလည်း
ကော်ဖီခွက်ထဲနှစ်လို့
သက္ကရာဇ်တွေဟာ အခွံ့ချည်းသက်သက်လို့
လွတ်လွတ်လပ်လပ်ရယ်သံတစ်ချို့
ကိုယ့်ကို ကိုယ်လက်ဆောင်ပြန်ပေးခဲ့တယ်
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
သေခြင်းရှင်ခြင်းရဲ့၀င်ထွက်ရာတံခါး နာကြင်မှုနဲ့ ကြင်နာမှုကြား ဆေးဝါးနဲ့ကုထုံးက အတိတ်နဲ့အနာဂါတ်ကိုဆက်စပ်ပေးတယ် ရုပ်နဲ့အရိပ် ကွဲထွက်သွားသူတွေ အ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
အော် မိုးလှိုင်ညရဲ့ မွေးနေ့က သြဂုတ် ၈ ရက်ကိုး။ ဒီရက်စွဲမှာမှ မွေးဖွားလာတဲ့ ကဗျာဆရာရဲ့ ဘ၀ကို ဘာက ပြဌာန်းထားခဲ့သလဲ ဆိုတာ အဖြေရှာသွားတယ်။ ကော်ဖီတစ်ခွက် ကဗျာလက်တို့ ဆက်လက် ရှင်သန်စေ။
ReplyDeleteကိုမိုးလှိုင်ညရေ မွေးနေ့မှာ ပျော်ရွှင် အဆင်ပြေပါစေဗျာ ..။
ReplyDelete