Tuesday, August 19, 2008

မာကျောသော မိုးစက်များ


မိုးစက်ပြင်းပြင်းတွေ
ဘယ်လိုသည်းထန်နေပါစေ
ငါချစ်တဲ့ကဗျာ ငါကိုယ်တိုင်ရွှဲစိုနေဦးတော့
ကိုယ့်ကိုယ်ကို မုတ်သုန်ထဲထိုးနှစ်
မိုး....ကိုချစ်တယ်....
အပြာရောင် မိုးသားတွေအောက်ကငါ
အပြာရောင်ကိုချစ်သလို...
ချစ်မြတ်နိုးစွာ...မိုးစက်ဖွဲဖွဲတွေရွှဲနစ်နေလည်း
ငါ့ကိုထပ်ဆိုခွင့်ပြုပါ...ဒီသီချင်း....က
`မိမိုးကိုချစ်လိုက်တာလေ´.....။

မိုးလှိုင်ည

1 comment:

  1. အပြာရောင်ချစ်တဲ့ အကိုမိုးလှိုင်ရေ
    ညီက ဟာမိုနီလိုက်ပေးမယ်ဗျ :)

    မိမိုးကို ချစ်လိုက်တာလေ..
    မိမိုးကို ချစ်လိုက်တာလေ..
    :) :D

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...