Tuesday, August 26, 2008

အဖိတ်စဉ်များတဲ့ရာစုနှစ်


သစ်ပင်စိုက်မှာလား
ဂျော်ဂျီယာစစ်ပွဲကိုပဲဖြန်ဖြေပေးရမှာလား
ငြိမ်းချမ်းရေးကတော့
စစ်ပြေးဒုက္ခသည်ဖြစ်လို့
နွေရာသီတစ်ခုလုံး
ရိုးပြတ်တောတွေကအရိပ်ကောင်းလိုက်ရှာလို့
အမှန်တရားတွေသံတိုင်ကြားငုတ်တုတ်ထိုင်လို့
တစ်လတန်သည်နှစ်လတန်သည်
ကမ္ဘာအပြင်ထွက်သွားမှ
ကိုယ့်ကိုယ်ကိုယ်ပြန်စိမ်းလန်းလို့ရမယ်
အနူမြူထိပ်ဖူးတွေကောင်းကင်ကို
ထိုးချိန်လိုက်ရမှ
ကိုယ့်ကိုယ်ကိုစိတ်ချရမယ်လား
အိပ်ရေးပျက်တဲ့ကောင်းကင်က
မျက်တွင်းဟောက်ပက်နဲ့
ချစ်မိပါတယ်ဆိုတဲ့ကောင်မလေးရေ
လမ်းလျှောက်ထွက်သွားတဲ့သစ္စာတရားကတော့
နယ်စပ်ဖြတ်ကျော်တယ်တဲ့
တရားစွဲခံထားရလေရဲ့
ငါတို့တွေဘလက်ဟိုးထဲသွားပုန်းနေရုံသာ…။

မိုးလှိုင်ည

2 comments:

  1. ငါတို့တွေဘလက်ဟိုးထဲသွားပုန်းနေရုံသာ…

    တစ်ခါတစ်လေလဲ ပြေးပုန်းလိုက်ချင်တယ်
    အနိဋ္ဌာရုံတွေနဲ့ လွတ်ရာ ကျွတ်ရာ

    ReplyDelete
  2. ကဗျာလေး ခံစားသွားတယ် ကိုမိုးလှိုင်ရေ။ ကျွန်တော့် ကဗျာကို နှစ်သက်ရင် ပြန်ဖော်ပြလို့ ရပါတယ်ဗျာ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...