Pages

Thursday, September 20, 2007

အနမ်းဟာပေါင်မုန့်ဖြစ်တယ်

ပေါင်မုန့်လေးတစ်ယောက်တစ်ခြမ်း
တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်နမ်းမိသလိုပဲ
ကျေနပ်စရာပါ ဖေဖော်ဝါရီ
မင်းနှုတ်ခမ်းဖျားလေးနဲ့ဖိခြေလိုက်တဲ့ ပေါင်မုန့်ဟာ
ငါ့နှလုံးသားကို နွေးထွေးစေပါတယ်

အေးစက်နေတဲ့ကော်ဖီကိုငုံ့ကြည့်
စားပွဲတစ်လုံးခြားပြီး
တစ်ယောက်ကိုတစ်ယောက်ငေးတယ်
နှလုံးသားချင်းဆုံတွေ့မိတာတောင်
ငါတို့ဒီဘ၀လမ်းကြုံပါဦးမလား
အနမ်းဟာပေါင်မုန့်ဖြစ်ပြီးတဲ့နောက်
အချစ်ဟာအေးစက်တဲ့ကော်ဖီခွက်တွေ ဖြစ်ခဲ့ရပြီ…
ဘယ်သူ့ကိုမှ ဗီလိန်ထားလို့မရတဲ့ခေတ်မှာ
ငါအသုံးမကျတာပဲဖြစ်မှာပါလေ
ခွင့်လွှတ်ခဲ့တယ်… ဖေဖော်ဝါရီ…။

မိုးလှိုင်ည