Sunday, September 2, 2007

"ကဗျာ 20.07.09.02"

ဒါဆို ဒါပဲ .. လာဆဲမနေကြနဲ့
ဘာလဲကွာ .. မသာပဲဖြစ်ဖြစ် သာပဲဖြစ်ဖြစ်
လူ့အဖြစ်ဟာ ပုပ်စော်တွေနံနေတာကြာပေါ့ကွာ
မမြင်တတ်ရင် မူးကိုမြစ်ထင်လို့
မနံတတ်ရင်လည်း အရှုးကို နတ်ထင်တယ်
ယဉ်းကျေးတယ်ဆိုတာ တွေသမျှလူကိုရိုကျိုးပြတာလား
သွားစမ်းပါကွာ .. မနားတမ်းအော်နေတဲ့ လက်ခုပ်တွေဟာ
အယုတ်တမာ ယဉ်ကျေးမှုတစ်ခုပါ
မဟုတ်တာတွေနဲ့ ကျုပ်ဟာနေခဲ့တာ ကြာပေါ့
အဲဒါကို အဆင့်မြင့်လူ့အဖွဲ့အစည်းလို့ခေါ်လား
သမိုင်းဆရာမှာ ခေါင်းမပါတာကြာပြီ
ကွမ်းတစ်ရာကျွေးပါ .. ရေတမုတ်တိုက်ပါ ..
မိုက်တာဟာ .. ကြိုက်တာကို မပြောရဲတဲ့လူတွေမှာပဲရှိတယ်
ဒါကိုပဲဘ၀င်ခိုက်
ဝေဖဲမှာ တစ်ကိုးကင်းကျရင်
ဓားနဲ့ပဲရှင်းချင်တယ်
မင်းကိုယ်မင်းဇာတ်လိုက်ပဲထင်နေလား
ချစ်သူဖို့ ဟောတဲ့တရားကို ခိုးနားထောင်ရအောင်
မင်းကိုယ်မင်း ဘာကောင်ထင်နေတာတုန်း
ကဗျာဆရာဟာ "စာစကား" နဲ့ညာခဲ့တယ်လို့
ချစ်သူကထင်မယ် ...
လောကမှာကွယ် ... မင်းဟာချစ်သူပါလို့
ငါဘာလို့ ညာဖြစ်တာလဲ
တကယ်ဆို မင်းဟာ ”ကဗျာ”
စကြာဝဌာတစ်ခုလုံးကို ပက်သက်ချင်တယ်
လက်မထပ်ဖူးတာတောင်သစ္စာ ကိုတောင်လိုထူခဲ့တယ်
အလိုတူပါ .. ချစ်သူ
ယုတ္ထိဗေဒဆို ဘ၀င်မကျတတ်တာကလွဲလို့
ကျူးလွန်ခဲ့သမျှမှာ ၀န်ခံရဲတာလည်း ငါပါပဲကွယ်
ဟို စတယ်ကြီးနဲ့နေတဲ့လူထက်တော့ နည်းနည်းသာတယ်
မာယာနယ်မှာ တွယ်တာမိပါတယ် ..
တပည့်တော် အမိုက်အမဲလေးကို ရိုက်လည်းရိုက်ပါ ..
စိတ်ဆိုတာ စေရာသွားတဲ့ အမျိုးမို့ တိတ်တခိုးပဲဖြစ်မိတယ်
ကံစရိတ်တစ်မျိုး ကဗျာကိုကျောပိုးပြီး
သံသရာ ရွာရိုးကိုးပေါက် ကျွန်တော်မျိုးလျှောက်ခဲ့ပြီ
ရတနာအိုးကို လာလာခိုးနေကြတာကိုး

မိုးလှိုင်ညနှင့် ကိုဖြိုး
အွန်လိုင်းဗားရှင်း

1 comment:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...