Sunday, September 2, 2007

...ကောင်မလေးဖတ်ဖို့အတွက်ခေါင်းစဉ်မတပ်ထားပါ

ဆောင်းနှောင်းရဲ့အေးစက်ခြောက်ခြားလွန်းတဲ့

အိပ်မက်ဆိုးတွေကဘ၀ကိုစိုးမိုးထားခံနေရတဲ့

လူငယ်တစ်ယာက်ရှိတယ်…



မနက်ခင်းတွေထဲမှာ ဘာကိုမှမမျော်လင့်တတ်တဲ့

ဟောင်းအိုနေတဲ့တယောတစ်လက်

ကျိုးပျက်နေတဲ့သံစဉ် အမြဲတမ်းတစ်ဝက်တစ်ပျက်သာရပ်တန့်နေခဲ့



ရှာဖွေနေတယ်ဆိုရင် သူတစ်ခုခုတွေ့ရမှာပေါ့

အခု ဘာကိုမှတောင့်တပုံမပ်ါတဲ့

မျက်ဝန်းတွေက ဘယ်အရာကိုမှ

တပ်မက်တဲ့မျက်ဝန်းနဲ့မကြည့်တတ်ဘူး

သူ့လက်အသေနဲ့တစ်ခါတစ်ရံဆံပင်တွေ

သပ်တင်တတ်တာကပဲ…

သူကိုယ်သူ အမြင့်မားဆုံးဂရုစိုက်မှု…



ညညဆို

သူကြောက်လန့်ဆုံးအိပ်မက်တွေကို

သူ့နှလုံးသားနဲ့တပ်မျှားတယ်….

အချွှန်မျှဆုံးကြေကွဲမှုတွေနဲ့..

သူကိုယ်သူအဆုံးစီရင်နေတာလား…..



ကမ်းပါးကနေငေးတယ် …..

သူ့စိတ်ကအလင်းအလျင်ရဲ့နှစ်ဆနှုန်း

သူကိုပုန်းနေတဲ့ကဗျာ သူရှာနေဖွေဆဲ

တစ်ခါတစ်ခါတော့သူကပြန်ပုန်းတယ်



ဘာကိုမှမတွေ့ချင်တော့ဘူး……

ဆုံစည်းခြင်းက ကျိန်စာလိုခွဲခွာခြင်းနဲ့အဆုံးသတ်ရမယ်ဆိုရင်

သူကိုယ်သူတောင်ထပ်မဆုံချင်ဘူး

ဆောင်းမနက်မှာ

တယောသံဟာတစ်ဝက်တစ်ပျက်နဲ့တင်ရပ်တန့်နေပါတယ်…။



မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...