Friday, September 21, 2007

ခပ်ညံ့ညံ့မိုးလှိုင်ညသို့….

ဟေ့မိုးလှိုင်ည သူများစိတ်တိုင်းကျနေရအောင်
မင်းကအရုပ်လား
မင်းရင်ထဲက အသည်းနှလုံးဆိုတာ လှိုင်းဒဏ်ကြားမှာ
နစ်မြုပ်သွားမယ့် သစ်ငုတ်တိုလား
ထားစမ်းပါကွာ နားစမ်းပါ
သူများစိတ်တိုင်းကျနေရအောင် မင်းက ဘာကောင်တုန်း
ဒီမယ် ကဗျာဆရာမိုးလှိုင်ည ...
ငါကတော့ မိုဒီလျာနီလည်းမသိဘူး
ယန်းပေါဆတ်လည်း မသိဘူး
အိုကွာ ကုန်ကုန်ပြောလိုက်မယ်
မိုးလှိုင်ညကိုလည်း မသိဘူး
ငါသိတာက .. မင်းရယ် ငါရယ် ကဗျာရယ် အနုပညာရယ် ..
ဖော်ဝေး အောင်ချိမ့်မောင်ချောနွယ်မှမဟုတ်ပါဘူး
ညီညီ မိုးလှိုင်ည ဆိုရင်လည်းပဲ ကဗျာတစ်ခေတ်ဖြစ်ကျန်ရစ်မှာပါပဲ
စိတ်ကူးယဉ်ချစ်ကဗျာဆိုတာ ရည်းစားစာရေးဖို့ကောင်းရုံလေးပါ
ထားခဲ့ပါကွာနားခဲ့ပါ
ခဏတာဖြစ်ဖြစ် ထာဝရဖြစ်ဖြစ် မင်းကနားခဲ့ပါ
မင်းလိုချင်တာဘာလဲဆိုတာ မင်းသိပါ
သူများပြောတိုင်းရေးရအောင် မင်းကိုဘယ်သူက ထမင်းကျွေးထားတာတုန်း
မင်းဟာမင်းပဲ လောကကို ကုန်းပြီးဆက်ကာ ဆက်ကာ ကြည့်နေစမ်းပါကွာ

ကိုဖြိုး

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...