Friday, September 14, 2007

အလင်းငတ်သူ

ငါ့ဆီမှာကဗျာရှိရဲ့လားးးးးးးးးး....
ကောင်မလေးသတိမရတော့တဲ့အခါ....
ငါ့ကိုငါထွန်းညှိထားတဲ့အခန်းငယ်ထဲ
အလွမ်းတွေလင်း....
ရှင်ခြင်းနဲ့သေခြင်းကြား
ခဏခဏသတိရတတ်တဲ့ငါ့ရောဂါကို....
ဘယ်လိုကုထုံးတွေနဲ့ကုသရမလဲ...
ကောင်မလေးရေငါ့ကိုကယ်ပါလို့
မခေါ်ခဲ့ဘူး....
ရေတွင်းပျက်ထဲက လမင်းကိုငေးရတာ
လည်ဆစ်ရိုးတွေနာကျင်လွန်းလှတယ်...
တစ်ခါလောက်ငါ့အမှောင်တွင်းထဲ
ငုံ့အော်ခဲ့ပါ...ကဗျာဆရာကိုချစ်တယ်လို့
အလင်းနှစ်တစ်သန်းစာပဲ့တင်ထပ်ဖို့
ငါ့ကိုလှောင်ပိတ်ထားတဲ့နံရံတွေကိုပဲ
ကျေးဇူးတင်နေမိလိမ့်မယ်...

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...