Friday, September 21, 2007

ကိုဖြိုးမင်းနဲ့ငါဘယ်သွားမလဲ

ကိုဖြိုး မင်းကအသစ်တွေရှာလာတယ်
မင်းက ဒဏ်ရာဟောင်းတွေကို
ကုထုံးသစ်နဲ့ကုတယ်
အိပ်မက် အသစ်တွေကို
ညအဟောင်းထဲထိုးထည့်တယ် ။

ဘ၀ဟာအလောင်းအစားဆိုရင်
မင်းကမနက်ဖြန်တွေပုံအောထည့်မယ်
လောကသစ်တစ်ခုပေးမလား
ဖန်ဆင်းရှင်တောင် ပါးစပ် အဟောင်းသား
ငါတို့ထွက်သွားတော့မယ်တဲ့
မင်းငါ့ကိုအဖော်စပ် တယ်
သံသရာမှာ ရက်မလည်သေးဘူး
ဘယ်သူ့ဈာပနကို ငါတို့ လိုက် ပို့ကြမှာလဲ…
ကဗျာတွေသေသွားကြပြီလေ…

ဘယ်သူမှမရောက်နှင့်သေးတယ့်
ကျောက်ခေတ်တစ်ခုကို
ငါတို့ ကဗျာ နဲ့ တည်ဆောက် …..
ထွက်ပြေးခြင်းဝါဒနဲ့ မသက်ဆိုင်တဲ့
သိမ်းပိုက်ခြင်းဝါဒနဲ့ ဆန့်ကျင်ပြီး
ခံစားချက် ကိုလိုနီတွေလွတ်မြောက်ဖို့

ယဉ်ကျေးမှုတံတိုင်းတဲ့
လူရိုင်းတွေသုံးနှုန်းတဲ့အတိုင်း
ဘ၀ကို အရင်းအတိုင်းတင်ဆက်ဖို့

ကိုဖြိုး မင်းက ကမ်းခြေအသစ်တွက်
ရွက်တိုင် အဟောင်းတွေကိုဖျက်ချခဲ့ပြီလား…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...